Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 28 August 2013

နှုတ်ခမ်းနီမလေးသီချင်း"

မြူတွေခပ်မှိုင်းမှိုင်း
ညနေခင်းကလှတယ်
တောင်တန်းကြီးတွေထက်
နှင်းဝေတဲ့မနက်ခင်းဟာ
ဆောင်းရဲ့ရနံ့ကိုသယ်ဆောင်လာခဲ့
စူးစူးရှရှအေးမြမွှေးမြ
ဆောင်းဟာရနံ့တွေပါခြင်းကို
ခံစားမိသူတစ်ဦးကငါ.....

"စရာမှဆုံးခဲ့သည်"

ငိုခြင်းနဲ့စတင်လို့
အလင်းကိုမြင်တွေ့ခဲ့ရ
သေမျိုးတွေမို့
သေဖို့ကိုမွေးဖွားလာကြ
ရှင်သန်စဉ်ကာလမှ
ငိုရယ်မဲ့ပြုံး
ရသစုံစွာခံစားလို့
မွေးဖွားစဉ်က
စတင်လာခဲ့တဲ့
နမိတ်ပုံကိုပင်
အများဆုံးဖက်တွယ်တပ်မက်
ငိုကြွေးကြတယ်

Monday 26 August 2013

"ထေရဝါဒစည်း"

အစွန်းနှစ်ဖက်
လွတ်တယ်လို့
ကိုယ်ယုံကြည်မှု့ကိုယ်သတ်မှတ်
သူတပါးရဲ့
ကိုးကွယ်မှု့ကိုမပုတ်ခတ်မိခဲ့ဘူး
ဒါပေမယ့်ကျုပ်ဆိုတဲ့လူက
သူတပါးဆီမကျုးကျော်သလို
ကိုယ့်ဆီကျုးလာမယ့်သူတွေကို
လက်မခံလိုလို့
စည်းရိုးခတ်ခြင်းကိုအားပေးခဲ့

လမ်းမပေါ်က အရူးနှင့် လမ်းဘေးက အရူး …

နိုင်ငံနဲ့ မမျှအောင် ရောင်းချနေရတဲ့ စည်ဘီယာဟာ
ငါ့လက်ထဲရောက်မှ ကားတွေဆိုင်ကယ်တွေပေါက်လို့
ဆက်သောက်ကြမဲ့ နောက်လူတွေကို
‘ ကျေးဇူးတင်ပါသည် ‘

ပုံပြင်

နင့်ရင်ခွင်ရဲ့ အေးစက်စက်စကား
ငါ့နားမှာ ခပ်ခါးခါး ကြားလိုက်တဲ့နေ့
ကောင်းကင်လိုမိုး မျက်နက်ဝန်းကို စိုးမိုးခဲ့ …..
ငိုသလို ရယ်မလို ငါဟာ
နင့်နောက်ကျော ကို လှမ်းမျှော်ဖူးလို့
ဒါပာာငါ့ဘဝ ရဲ့ ပထမဆုံး ကျိန်ဆိုဖူးခြင်းပါပဲ
လေပြေရေ .........
ငါ ……. ငါဟာ နင့်လေညှင်းမှာ လွှင့်ဝဲမဲ့ ရော်ရွက်ဝါသာဖြစ်တယ်….

×ခေတ်ပြောင်းပြန်×



×××××××××××
ဟိုးးးးးးးးးးတချိန်က ပေါ့ 
အနောက်ပြည်က တစ္စေလိုကောင်တွေ
တို့ ပြည်ကို ကျွန်ပြုဖို့ လာကြတယ်။

အခုအချိန်မှာပေါ့ 
တို့ ပြည်ကလူတွေ
အနောက်ပြည်ကိုကျွန်ပြုဖို့သွားနေရတယ်။

Wednesday 14 August 2013

မှော်ဝင်တဲ့ ည

မှော်ဝင်တဲ့ ညပျိုရေ
တိမ်ညိုတွေကို ရုပ်သိမ်းပေးပါ ။

ကြောင်တောင်ကန်းပေမယ့် 
တစ္စေကို ရမ်းမကြောက်ပါဘူးး။

ကောင်မလေးးး

ကောင်မလေးးး
ပါးပြင်မို့ မို့မှာ အစဉ် သနပ်ခါးတင်
ပါးချိုင့် ကလေးပေါ်အောင်သူမ အပြုံးက
နှလုံးသားကို လာပြုစားသွားတယ်။



တစ်ခါတစ်ခါ သူမက

တစ်ခါတစ်ခါ သူမက
ကျွန်တော့် ရဲ့  သခင်မလေးပါ
လိုချင်သမျှကို စေခိုင်းနေကြ
မရရင် စိတ်ကောက်နေတက်တယ်။

တစ်ခါတစ်ခါ သူမက
ကျွန်တော် ရဲ့  ဆရာမလေးပေါ့ 
စီနီယာတွေလာရင် ဘေးဖယ်ထားတက်သလို
မကြည်စရာတွေပါလာရင် အော်ငေါက်တက်တယ်။

တစ်ခါတစ်ခါ သူမက
ကျွန်တော့် ရဲ့  ဘေဘီလေးလည်းဟုတ်နေပြန်တယ်
ရင်ခွင်ထဲ ခေါင်းလေးဝှေ့ ပြီး ချွဲနွဲနေလို့ 
မငြိုငြင်ပဲ ရင်တွင်းစကားတွေနားထောင်နေတက်တယ်။

Saturday 10 August 2013

လက်ရာမြောက်အိပ်မက်

လက်ရာမြောက်အိပ်မက်
==============

ယောကျာ်းတစ်ယောက်ရဲ့ အချစ်နဲ့
အနုစိတ်ရေးဖွဲ့ထားတဲ့ ကဗျာ
ငါ့မှာ….
နင့်နာမည်အပိုင်းအစလေးကိုတောင်မ
ခမ်းခမ်းနားနား ကိုးကွယ်လို့….
ကြယ်တွေကတော့ သိန်းသန်းမက ကြွေပါရဲ့
ဆုတောင်းတစ်ခုသာ မပြည့်တာ….။

ကောင်းကင်နဲ့ မြေကြီးကို လက်ထပ်ပေးဖို့
မိုးစက်လေးတွေ ကြွေတာတဲ့…
ကဗျာဆရာတစ်ယောက်က
အဲဒီလို ဖွဲ့တယ်။
ဘယ်နတ်ဖုရားက ကြည်စယ်သလဲ
ငါ့ရင်ထဲမှာတော့ ပြဿဒါးတွေကို ……စီ..လို့။

ချစ်တဲ့ စိတ်နဲ့ ပဲ ကြည့်မိလို့လား…
ခြေသည်းချွန်ချွန်လေးတွေက လှလိုက်တာ..
ကောင်းကင်အထပ်ထပ်
နတ်သမီးနန်းတော်က ပန်းချီကို
အဲဒီခြေသည်းလေးပေါ်မှာ ဆွဲချင်တယ်။
ကောင်းခြင်းအဖြာဖြာစုတဲ့ နက္ခတ်တွေ
မင်းအိပ်ခန်းနံရမှာ
အလှချိတ်ဖို့ ပေးချင်တယ်။
စံမြန်းရာနန်းဆောင်ကို
ဘီလူးတစ်ကောင်လိုစောင့်…
သူတို့ ကြောက်အောင် ခြောက်ချင်တယ်။

ကောင်မလေးရေ…..
နင်က ငါ့ရဲ့
အမြဲတန်းဆောင်းရာသီ
အမြတ်နိုးဆုံးလျှို့ဝှက်ချက်
စိတ်နဲ့ ချစ်တဲ့ မနက်ခင်း
နင့်အကြောင်းတွေးယုံနဲ့
ငါ့ရင်ဘတ်က …``လင်း’ ’ လာတယ်။

ကောင်မလေးရေ…
နင့်ဆံညို ကတီပါခင်းမှာ
လိပ်ပြာလေးလို နားချင်တယ်
နင်တိုးတိုးလေးညည်းတဲ့
သီချင်းတစ်ပုဒ်လဲ ဖြစ်ချင်တယ်။
နင့်အိပ်မက်ကို စာစဉ်မှတ်…
ငါ့ရင်ဘတ်မှာ သိမ်းချင်တယ်။
ကောင်မလေးရေ….
နင်က…
ယောကျာ်းတစ်ယောက်ရင်ဘတ်နဲ့
အနုစိတ်ချစ်နေရတဲ့ ကဗျာ….
ဟော…..ကြည့်စမ်းပါ…
ငါ့အိပ်မက်တစ်ခုလုံး…
နင်ချစ်တဲ့ ပန်းတွေနဲ့ …ဖွေး…….လို့….။

(ရဲသစ်ဏီ)

" တိမ်လိုလေလိုပဲ "

" တိမ်လိုလေလိုပဲ "

တိမ်လိုလေလိုပဲ ဘ၀က
တကယ်ပါ ရွှေဂုဏ်ငွေဂုဏ်လဲ
မရှိပါ မရှိမဲ့ရှိမဲ့ သိက္ခာနဲ့ငါ
လူ့ဘ၀မှာ အသက်ဆက်ရင်း
အနာဂတ်ဝယ် ဘယ်မှာလဲ
အို အရမ်းပါပဲ ၀မ်းနည်းရပါတယ်  ။

တိမ်လိုလေလိုပဲ ကံတရားက
အပြောင်းလဲမြန်ဆန်လွန်း
ဒါနောက်ဆုံးပဲလား
ငိုကြွေးဖို့ ခွန်အားတွေနဲ့ငါ
ထွေးပိုက်ရင်း အလင်းမဲ့
ညတွေကျော်ဖြတ်လာ ။

တိမ်လိုလေလိုပဲ အခြေနေမဲ့
ဘ၀လဲ လွမ်းစရာလဲမလို
ဂွမ်းစရာပဲမို့ ...............။

Friday 9 August 2013

"ဘာသာမဲ့သင်္ကေတ"

ကာလတွေလှောင်ပိတ်
နုနယ်ပျိုမြစ်ခွင့်မရခဲ့သောစိတ်
တစ်ရက်..........................
နှစ်ရက်...........................
သုံးရက်..........................
ဒီလိုနဲ.ဆယ်စုနှစ်တို.လွန်မြောက်
အဲ့ဒီနေ.ကမှတ်မှတ်ရရ
ရာသီဥတုသာယာခဲ့တယ်
နောက်.............................
တစ်ခါပြန်လည်နုပျို
မျက်ဝန်းတစ်ချက်
အပြုံးတစ်ပွင့်
စကားတစ်ခွန်းဟာ
ထာဝရအဖြစ်စွဲထင်
ဆည်းဆာတောင်
အလှဆုံးဖြစ်တဲ့အချိန်ပေါ့
သူမပါးပြင်ထက်က
မှဲ.နက်ကလေးကိုငေး
အချိန်တွေရပ်သွားတယ်
ဘယ်အချိန်ပြန်တွေးပြန်တွေး
အမြဲအေးချမ်းသောပုံရိပ်ကလေး
မာနတွေပြိုကျ
စစ်မှန်စွာမြတ်နိးမှု.နဲ.တကွ
သူမကို....................................
မုတ်သုန် —

ကြိုး

ရော့ကြိုး.............
ဘ၀ကိုချည်တုပ်ကြဦးစို့
ကျုပ်တို့အ၀န်းအ၀ိုင်းမှာ
သံသယတွေချည်နှောင်ကြဦးစို့
ရော့ကြိုး...............
မမြင်နိင်ရာဆွေမျိုးတွေအတွက်
လက်အစုံကိုင်ဆွဲခေါ်ဆောင်ကြဦးစို့
ရော့ကြိုး.................
ချောင်ထဲမှာပိတ်ကိုက်တဲ့ခွေး
နောင်ကြဉ်အောင်တုပ်နှောင်ထားဦးစို့
ရော့ကြိုး..................
သူတပါးတွေမကြူးနိင်အောင်
စည်းတားကြဦးစို့
ရော့ကြိုး......................
လျော့တိလျော့ရဲစိတ်ဓာတ်တွေ
ခပ်တင်းတင်းပြန်လည်စည်းနှောင်ရေး
မုတ် သုန်

"ကြယ်အရိပ်"


နှင်းအချို.ဖန်ဆင်းပေးတတ်ရုံနဲ.
ကိုယ့်ကိုကိုယ်ဆောင်းအဖြစ်
အမည်မတတ်ခဲ့ဘူးကြယ်ပြာ
နှင်းတစ်စက်ထက်
မြောက်ပြန်လေအေးတွေက
ဆောင်းကိုဆောင်းပိုပီပြင်စေတယ်
ညဟာတိတ်ဆိတ်
တဖျတ်ဖျတ်ကြယ်အလင်းတွေကြား
နင်နှစ်သက်မယ့်ဆောင်းဖြစ်ဖို.
မြောက်ပြန်လေအေးတွေ
တစ်ဘ၀လုံးစာ
ငါဖန်ဆင်းပေးဖို.
ဆောင်းရဲ.အရိပ်မှာ
ရင်ငွေ.လှုံနိင်ဖို.ကြိုးစား
ငါဟာကြယ်အရိပ်ဖြစ်ချင်သူပါ...........................
မုတ်သုန်

" မှော်ဆန်လား "

ရွာမဲ့ မိုးမှာ ... မှော်ပါလား ... ?
သူအုံ့  မိုးတိုင်း ငါ့ရင်မှာ အုံ့ မိုးလို့  

ရွာမဲ့ မိုးစက်မှာ ... မှော်ပါလား ... ?
သူပြို ဆင်းတိုင်း ငါ့ ရင်မှာ ပြို ဆင်းလို့ 

ခြိမ်းမဲ့ မိုး မှာ ... မှော်ပါလား ... ?
သူ ခြိမ်းတိုင်း ငါ့ရင်မှာ ပဲတင်လို့  

မိုးလေပြေမှာ ... မှော်ပါလား ... ?
သူတိုက်ခက်တိုင်း ငါ့ရင်မှာ လှုပ်ခတ်လို့ 

Thursday 8 August 2013

"သရော်စာ၂"

တကယ်ဆို
ဒါဟာကဗျာလုံးဝမဟုတ်ခဲ့ဘူး
သရော်စာ......
ပေါ်ပင်လူသားတွေအတွက်
သောက်မြင်ကပ်စရာဆေးခါး
အတိတ်ဟောင်းကိုပြန်သွား
အသက်ရှုကြပ်စရာတွေရေးမှ
အမှတ်တရဆိုတာ
ဖြစ်တယ်ထင်ခဲ့တာလား(ကလေးအတွေး)
ဟုတ်တယ်ဒါဆိုရင်နာမည်ကြီးပြီ
လူကြိုက်များမယ့်စကားလုံးတွေသုံး
အနုပညာလို့ခေါင်းစဉ်တပ်လို့
တကယ့်ကိုတော်တာပါ(ခစ်ခစ်ရွေဥာဏ်တော်စူးရောက်တာပေါ့)

နေထိုင်ခြင်း

ကမ္ဘာရဲ့အဆုံးမှာ...ရှိတဲ့ မြေပြင် က 

ခြောက်သွေ့ နေခြင်း..ကြောင့်
သက်ပြင်းတစ်ချက်..

စိုစွတ်နေခြင်း..ကြောင့်
သက်ပြင်းတစ်ချက်..

အပေါင်းအသင်း..ကြောင့်
သက်ပြင်းတစ်ချက်..

သံယောဇဉ်အချစ်..ကြောင့်
သက်ပြင်းတစ်ချက်..

စားသောက်ဖွယ်ရာ..ကြောင့်
သက်ပြင်းတစ်ချက်..

ရူးမိုက်မှုတွေနဲ့  ...

လည်ပတ်နေတဲ့ကမ္ဘာကြီးမှာ..

သွားလာလှုပ်ရှားနေတဲ့လူတွေအတွက်.

သက်ပြင်းတစ်ချက်တော့ရှိစမြဲပဲ..........

ဟူး.း.း.း........

(Nero Gnine)

"နေ့စား"

ဒလှိမ့်ကောက်ကွေး ပစ်ကျတဲ့ 
စက္ကူဖာမှာ 
ကူလီ ထမ်းသမားရဲ့ ဒေါသတွေ ပါတယ် 
နာကျင်လွန်းတဲ့ ပခုံးပေါ်က ဒဏ်ရာ 
ထမင်းတအိုးကျက် ဖို့ 
ခံသာပါတယ်
ကလေးမုန့်ဖိုးသာသာ ပါပဲ 
ငွေသားချည်း ၁၅၀၀ 
မိသားစု တစ်ခု အတွက်တော့ ဝမ်းစာ …………

တုန်ရီနေတဲ့ခြေထောက် 
ခပ်ပြင်းပြင်း ဆောင့်လို့ 
အဝတ်စုတ်ကို စလွယ်သိုင်း 
မြေပြင် နဲ့ ဖဝါး တစ်လှမ်းချင်း 
တစ်လှမ်းချင်း ရိုက်ရင်း 
ပခုံးထက်က ဝမ်းစာဟာ 
ချွေးတွေ ရွှဲနစ် လို့ ……………

ရုန်းရ ကန်ရ 
တစ်နေ ကုန် ထမ်းမှ 
တရွက်ရ တဲ့ ဘဝ 
ပူပင်ကြောင့်ကြ တဲ့ စိတ် 
ကြိတ်မှိတ် လို့ မျိုချ 
လည်ပင်းတလျှောက် က 
ကန္တာရ …………

မောဟိုက် တဲ့ ရင်ဘတ်က
နိမ့်ချည် မြင့်ချည် နဲ့ 
ခေတ် ကို မျက်စောင်းထိုးလို့ 
တခွန်းချင်းခြွေ လေ ရဲ့

နေ့စားတယောက် ရဲ့ ဟာသ …

နေ့ စားတယောက် ရဲ့ ဂီတ …

နေ့စားတယောက် ရဲ့ ကမ္ဘာ……

ခင်းဗျား ကြီးရဲ့ 

လက် …ထဲ …မှာ ။ ။ ။ ။ ။ 

ဆင်စွယ်

ကျွန်တော်နှင့်ကောက်ကွေးခြင်းများ


မဖြောင့်ဘူး….။
အနာဂါတ်ဟာ ယဉ်ယဉ်လေးလှတဲ့
မိန်းခလေးတစ်ယောက်ရဲ့ဆံပင်တွေလို
မဖြောင့်ဘူး။
လမ်းတွေ မဖြောင့်ဘူး….မြစ်တွေ မဖြောင့်ဘူး။
၂၁ ရာစုမှာ ကိုယ်ကျင့်တရားတွေ မဖြောင့်ကြဘူး။

Sorry မေမေ..
မွေးတုန်းကတော့ သားက အဖြူပါ။
အနားကပ်ပြီးမှ ထိုးတဲ့ ဒါးတွေကို နားလည်ကတဲက
သားဟာ
အဝေးမှုန်လာတယ်…။
ပြက္ခဒိန် တွေကို မျက်မှန်တပ်ပေးပါ။
မနက်ဖြန်ဆိုတာကို ဒါထက်ပိုပြီး
ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။

" အချစ်အကြောင်းပြောတဲ့ ညက မင်းကိုငါ အပိုင် သိမ်းခဲ့တာ "


နားနဲ့ မဆန့် အောင် 
ကြားနေရတဲ့ အချစ်တွေ 
တစ်ဆစ်ဆစ် နဲ့ ကိုက်တယ် 
မျက်စိအောက်က 
ဖြတ်လျှောက်သွားတဲ့ အချစ် 
မြင်ကွင်း ရှေ့ တင် ပြေးလွှား 
ကစားစရာ မဟုတ်ဘူး ဆိုပဲ 
အချစ် စစ် ရဲ့…………

ဟို နားက ဒီနားက 
ရင်ထဲက စိတ်ထဲက 
အပေါ်ယံ က အသံ 
ရှုပ်ယှက်တွေ ခတ်နေတဲ့ 
ကြက်ခြေခတ် ပုံစံ 
ဒါဟာ လဲ အခြစ် တဲ့ 
အချစ် စစ် ရဲ့ …………

လက်ရာမြောက်အိပ်မက်


ယောကျာ်းတစ်ယောက်ရဲ့ အချစ်နဲ့
အနုစိတ်ရေးဖွဲ့ထားတဲ့ ကဗျာ
ငါ့မှာ….
နင့်နာမည်အပိုင်းအစလေးကိုတောင်မှ
ခမ်းခမ်းနားနား ကိုးကွယ်လို့….
ကြယ်တွေကတော့ သိန်းသန်းမက ကြွေပါရဲ့
ဆုတောင်းတစ်ခုသာ မပြည့်တာ….။

နားလည်မှု


တွေးတတ် ခေါ်တတ်
စဉ်းစားတတ်တယ်
ဒီအိမ်ထောင်ရေးလမ်းခရီး
သာယာ၏ မသာယာ၏
ခံစားချက် အပြည့်အစုံအလင်မှာ.....

Wednesday 7 August 2013

♥♥ ချစ်တယ် မုန်းတယ် လွမ်းတယ် ♥♥

♥♥ ချစ်တယ် မုန်းတယ် လွမ်းတယ် ♥♥
.
.
♥♥ အချစ်……..
.
♥♥ အနှစ်တွေ ခါးလို့ အပြစ်တွေသာ မြင်ရရင်
♥♥ အချစ်ဆိုတာ ရှိမယ်မထင်……….
♥♥ စစ်ဝင်္ကပါထဲ ထွက်လမ်းပျောက်သလို
♥♥ သက်စွန့်ဆံဖျား ပြေးနေလည်း
♥♥ ထွက်ပေါက်တွေ့မှ နောက်ကိုပဲ ပြန်ပြန်သွားချင်နေခဲ့…
♥♥ အလင်းနည်းနည်း နဲ့ ဆက်လျှောက်သွားရင်း
♥♥ ပြတ်တောက်စ လမ်းတစ်ခုကို အကွေ့
♥♥ သူမရဲ့ အငွေ့အသက်လေးနဲ့ တွေ့ကြုံ
♥♥ အချစ်ဆိုတာလေ .....
♥♥ တစ်ဖတ်သတ်နဲ့ လည်းပြည့်စုံနေလေရဲ့ ။ ။

ထိုနေ့ တစ်နေ့ တွင် ဖြစ်၏

ထိုနေ့ တစ်နေ့ တွင်ဖြစ်၏...
လှသွေးကြွယ် လွန်းလှသော
ထိုခလေးနှမ၏ အဆင်းရူပါကို
အဝေးတစ်နေရာက ငေးခါ
ရှေ့ စားပွဲပေါ်က J'Donust မုန့် အစုံကို
အံကြိတ်ပြီး ဝါးစားပစ်ခဲ့သည်။

"အမေ့သား"

"အမေ့သား"

ဒုက္ခတွေ ဝေ နေတဲ့ လမ်းပေါ်
ပေပေတေတေ လည်း နေခဲ့ဖူးရဲ့ …
ချိုင့်ခွက် ချောက်နက် ထဲ
သတိမမူ ပဲ ခုန်ဆင်းခဲ့ဖူး ရဲ့ …
တောင့်တ ကြောင့်ကြ ရမယ့်
သံသရာ ဝဲဂယက်ထဲ တဝဲဝဲလည်
မျက်စိမှောက် လမ်းပျောက်နေလေရဲ့ …
ဆုံးမ စကားတွေကြား ဝိုးတဝါး
ယောင်နန နဲ့ နားလည်သလိုလို
ခေါင်းတော့ ငြိမ့်နေပါရဲ့ …
အသိခေါက်ခက်
အဝင်က ခပ်နက်နက် ရယ် …
မသိကျေးကျွန်များ ပြု့နေရော့ သလား …
ဒီ ငမိုက်သား
လူပုံအလယ်မှာ
မော့တော့ မော့တော့ မော်ကြွား
ကမ်းမမြင် လမ်းပျောက် နေတဲ့
အမေ ရဲ့ သား …………။ ။ ။

ဆင်စွယ်

ဝစ်လစ်စလစ် ကဗျာ….

ဝစ်လစ်စလစ် ကဗျာ….

မတောက်တခေါက် ရေးတတ်တဲ့ ကဗျာသမားဘဝက
ဆီမရွဲတဲ့ လက်ဖက် ပန်းကန်လို
အလကားဝင်တွယ်ခံရတဲ့ နာရေးဝိုင်းမှာတောင် မခမ်းနားရှာ…
ငါတို့ဟာ ဝါသနာ အရကွလို့ ဟစ်ကြွေးချင်ပြန်တော့

စိတ်ခံစားမှုမရှိ

စိတ်ခံစားမှုမရှိ
ထုံကျင်နေသည်။

တောင်ရေးလိုက်မြောက်ရေးလိုက်..
အချိန်ကုန်နေမိသည်။
တစ်ပုဒ်တောင် ပြီးအောင် မရေးနိုင်ပါ။
ဟုတ်ပါတယ် ငါမှားတာပါ ခွင့်လွတ်လို့ပါလို့လဲ
မတောင်းဆိုသလို နားလည်ပါတယ် မပြောလိုပါဘူး
သေချာပါပီ ကားလိပ်ချကာ ဇာတ်သိမ်းသွားသလိုမျိုးမဟုတ်ပဲ ....................
တကယ်ပါ ပီးဆုံးသွားပီမို့ အရင်လို ရင်းနှီးမှုများနဲ့အခုတော့
အချည်းနှီးဖြစ်သွားခဲ့တဲ့ တို့ရဲ့အချစ်တွေ
ဝမ်းနည်းစွာကြေကွဲခဲ့ရတယ်.....................
ရင်မှာ မျှော်လင့်ချက်တွေလဲ ဝေးကွာသွားပီကွယ် ........
 
(လူ့အံစာတုံး)
ခြောက်ကပ်နေတဲ့ မြို့ပြင်က သုသာန်ဝယ်
မျက်နှာစိမ်းများနှင့်ရောနှောကာ
လက်ထဲမှာ နှင်းဆီပန်းများကိုင်ထားသော
လူတယောက်..............

အရိပ်ရနှစ်ချို့ပင်ကြီးအောက်တွင
သူ၏ချစ်သူ အိပ်စက်လှဲလှောင်းနေသော
အုတ်ဂူဖြူဖြူလေးပေါ်မှာသေသေချာချာနဲ့
သပ်သပ်ရပ်ရပ် ပန်းများကိုတင်ကာ
တိတ်တဆိတ်မျက်ရည်များစည်းကျတာကိ
မထိန်းနိုင်ပဲ လျှိုဝှက်စွာ ရှိုက်ငိုကာ
မြုတွေစိုင်းနေတဲ့ တောင်တန်းတွေဘက်ကို
ငေးမောရင်း.........

ဒါကြံကမ္မာလား ဒါသံသရာလားလို့
တွေဝေစွာနဲ့ပဲ အတိတ်ကအရိပ်ဟောင်းတွေ
အတွေးထဲရိုက်ခတ်လာခဲ့ပြန်တယ်..။

ဝေးပီ...................
ဘ၀ခြားပေမဲ့အရင်းနှီးဆုံး
နှလုံးသားတခုဝယ်၌
ရှိနေတုန်းပါပဲလား....................။ ။ ။
 
(လူ့အံစာတုံး)
နင်မရှိတဲ့အချိန်မှ
မိုးအစစ်တွေက ရွာတယ်။
ဘယ်မှာလဲနင်...
စိက်ရှိသမျှဖေါက်ထုက်လိုက်ရရင်...
ဘယ်ဖက်ရင်ဘတ်ထဲ တစ်စက်မှ ကျန်မှာမဟုတ်ဖူး။

ငါ့ကိုတစ်ဝက်ပဲ ချစ်သွားတဲ့တစ်ယောက်
ပြောင်းလဲ ခြင်းနောက်ကို ကောက်ကောက်ပါအောင်လိုက်သွားတယ်။
ဘယ်မှာလဲနင်...
တောင်စဉ် ခုနှစ်ထပ်မှာ ကြာပန်းပွင့်တွေ
နင့်အလင်းတွေကြောင့် ကန်းတဲ့ ရင်ဘတ်....
အခု မျော်လင့်ချက်ဟာ..
နေကြပ်သလို ကြပ်နေပြီ။

သံချွန်အထပ်ထပ်ကို ရင်ဘတ်နဲ့တူး
နင့်နှုတ်ခမ်းဖူးဖူးလေးများ ပြန်ရမလား....
တစ်သက်လုံးရဲ့ နောက်တစ်ရက်အထိ
ငါတို့ ချစ်ကြမယ်လေ....
ဘယ်မှာလဲနင်....
အဆိပ်ရည်အပြည့်စီးတဲ့ မြစ်ထဲမှာ
ငါ့သွေးကြောတွေ
ဘယ်မှာလဲနင်....
ဘယ်...မှာ ...လဲ ...နင်။

"ပန်းလက်ဆောင်" ( 23 / may / 2013 / 15:39 )

"ပန်းလက်ဆောင်"
( 23 / may / 2013 / 15:39 )

စိတ်မဆိုးပါနဲ့ ချစ်သူရယ်
ပန်းကလေးခူးခဲ့မယ်
ချစ် ပန်ဖို့ ရည်စူး
ဆူးလဲ စူးစေ့ကွယ်
လက် ရှတာ ပဓာန
ချစ်သူလှဖို့ အဓိက
ကြိုက်ပါကွယ် ချစ်သူရယ်
မိုးမြင့်ထက်က ပန်းကိုးမယ်
မောင် ကိုယ်တိုင် ခူးခဲ့တယ်
မိုး …… တွေ ……သည်း ……ချိန်ဝယ် ………။ ။ ။

ဆင်စွယ် (မိုးရေထဲမတ်တပ်ရပ်ရင်းရေးသှ်)
ဒီနေ့ ကော ငါအရူးခန်းဖြစ်အုန်းမှာလား ။

ဟုတ်လား ..... ဒီနေ့  က အရူးခန်း မင်းဘာသာမင်း စူးစမ်းခြင်းစမ်း

ဘ၀ ရောက်ရောက် အရူးခန်း...အခုထစမ်းတာတောင် ငါ့ဘ၀ တစ်လှမ်းမှာ ချောင်ကျနေတဲ့အရူးခန်း

စိတ်ရှိလက်ရှိနဲ့ လုပ်လိုက်ရရင် တွေးတာနဲ့ မြင်တာ မှားနေတဲ့အရူးခန်း

ခင်ဗျားတို့  အ၇ူးခန်းထဲမှာနေဖူးလို့ လား ကျနော်လို့ မျိုးခံစားနိုင်ရဲ့လား

လွယ်ပါတယ်........ခင်ဗျားတို့ စိတ်ညစ်သမျှကို အရူးခန်းလို့ ပဲနာမည်တပ်လိုက်ပါတော့။
ချ စ် တ ယ်

ရင် ဘ တ် ချ င်း မ နီး ခဲ့ေ တာ့ 

န င် မ ကြားေ ပ မ ယ့်

ငါ့  ရ င် ဘ တ်ေ တွ နာ

နှ လုံး သားေ လး လဲ

ပြာေ န ခဲ့  ပီ ...........
 
သွေးလေး

။။။၊၊၊၊၊၊၊၊၊ အချစ်ဥယျာဉ်မှူးလေး ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊


။။။၊၊၊၊၊၊၊၊၊ အချစ်ဥယျာဉ်မှူးလေး ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

မသုံးပဲ ထားတဲ့ နှလုံးသားကို
အပြုံး များများ ကျွေးတဲ့ နေ့ က စ………
မကတတ် ကတတ် နဲ့ ကလာလိုက်တာ
ဟော.. ပရိတ်သတ် တွေ များလာတယ်………
ရုံပြည့်ရုံလျှံ မဟုတ်ပေမဲ့ …..
အားပေး သူတွေ တော့ အထိုက်အလျောက်ပေါ့……
အနုပညာ ကို ချစ်တာလား ………???
စကားလုံးတွေကို ချစ်တာလား ………???
ဝေခွဲရခက်နေတဲ့ မေးခွန်းတွေအတွက်
ငါစိတ် မပျက်ဘူး…….
သူတို့ နှစ် လိုက နစ်
သူတို့ ချစ် လိုက ချစ်
ဟုတ်တယ်…
ငါ့အဖြစ်က အနှစ်သာရ မရှိတဲ့ကောင်…..
မျက်ခုံးတစ်ချက် ဝင့် ရုံ…..
အပြုံးတစ်ချက် ပင့် ရုံ နဲ့………..
ငါ ရင်ခုန်တတ်တယ်လေ………..

ကြင်နာ ပြ တိုင်း အချစ်ဆိုရင်
ငါ့ ကြင်ဖက် တွေ များရချည့်ရဲ့……
အခုတော့ ………….
မင်း မပါတဲ့ခရီးက….ကွေ့ကောက်
ငါ့ ဦးနှောက်တွေ ခြောက်ကပ် လာတယ်…..

တစ်ချိန်က ……….
အစွန့်ပစ်ခံ ရင်ခွင် နဲ့ ကောင်မို့……….
အခုထိ အညှီနံ မပြယ်သေးတာထင်ပ………
အိပ်မက် တစ်ဆင်စာ ကို တိုးတိုးလာတဲ့မင်း
အသက် အပ်နှင်းပွဲ ရောက်မှ….
ဖျက်မျဉ်း တစ်ကြောင်း စွဲ….
သက္ကရာဇ် တွေ ချက်ချင်း ပြောင်းလဲပေါ့…

မိုးတွေ ရွာ တဲ့ နေ့မှာ လူတစ်ယောက်ကိုချစ်ခဲ့တယ်
မြူတွေ ဆိုင်း တဲ့ နေ့မှာ လူတစ်ယောက်ကို မြတ်နိုးခဲ့တယ်
နွေ ပူပူ မှာ တော့ ငါ……….
အက်ကွဲ လာတဲ့ ဒဏ်ရာတွေ ပြန်ပြန် ဆက်နေရတယ်....
အကြိမ်ကြိမ် ချစ်တယ်ပြောဖူးတိုင်း ....
အပေါစား အချစ်တဲ့လား………
အခါခါ ဖက်တွယ်ဖူးတိုင်း……..
ပြက်ရယ်ပြု သတဲ့လား………..

ဒါဆို ငါ …… ငါ……….
အချစ် ဆိုတဲ့ စကားလုံးတွေ မရေးတော့ဘူး...
ပြန်ပြန် ဖျက်နေရတဲ့ ခဲဖျက်လေးရဲ့ ရင်ဘတ်ကို သနားလို့…….

ကျေးဇူး ပြုပြီး နာရီတွေကို ရပ်တန့်ပေးပါ...
ကျေးဇူးပြုပြီး ပြက္ခဒိန် တွေကို ချိတ်ပိတ်ပေးပါ...
ကျေးဇူးပြုပြီး ကျွန်တော့ ကို တိတ်ဆိတ်ခွင့်ပေးပါဗျာ….
မနေ့က အတိတ်ရဲ့ အကျိုးဆက်တွေလို…….
မနက်ဖြန် တွေက ဖောက် တတ်လွန်းလို့….
ငါကိုယ့်ငါ………. ဆဲရေး မိနေတယ်………
အပြစ်မရှိပေမဲ့ အဖြစ်မရှိတဲ့ကောင်ဖြစ်နေတော့
အချစ်………ပစ်ပစ်သွားတာ ...
နှလုံးသားတောင် အထစ် ထစ်တွေ ဖြစ်လို့…..

ဟူး…………………………………….

မချစ် …………… သင့်တော့ပါဘူးလေ…………….. ။။ ။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ လင်းရိပ်ထင် → အချစ် ဥယျာဉ်မှူးလေး၊၊၊၊၊၊၊၊၊၊၊၊၊၊၊

ငါ လွမ်းပြပါ့မယ် ချစ်သူရယ်

အသံတောင်မကြားချင်ဘူးဆိုတဲ့ နှုတ်ခမ်းပါးလေးရေ...
အဆင်ပြေရဲ့လား...
အလွမ်းတွေလျှာနဲ့လျှက်လို့
လုံးပါးပါးလာတဲ့စိတ်ဓာတ်တွေ....
နင်မျက်နှာလွှဲထားတဲ့ဘက်မှာ
ခရေပန်းတွေလိုကြွေတယ်။

တိတ်တိတ်လေးပါပဲ။
ရဲရင့်ခြင်းကို မျှဝေသုံးဖို့
အိပ်မတ်တစ်ချို့ဟာ ချိုခဲ့ဘူးတယ်။
အခုနားလည်တာက
ချိုခဲ့တဲ့တစ်ချို့ဟာ အိပ်မက်တွေလို့
လက်တွေ့ကြီးကို အိပ်မက်တယ်။

ကျွန်တော်နှင့်ကောက်ကွေးခြင်းများ

ကျွန်တော်နှင့်ကောက်ကွေးခြင်းများ
===================

မဖြောင့်ဘူး….။
အနာဂါတ်ဟာ ယဉ်ယဉ်လေးလှတဲ့
မိန်းခလေးတစ်ယောက်ရဲ့ဆံပင်တွေလို
မဖြောင့်ဘူး။
လမ်းတွေ မဖြောင့်ဘူး….မြစ်တွေ မဖြောင့်ဘူး။
၂၁ ရာစုမှာ ကိုယ်ကျင့်တရားတွေ မဖြောင့်ကြဘူး။

Sorry မေမေ..
မွေးတုန်းကတော့ သားက အဖြူပါ။
အနားကပ်ပြီးမှ ထိုးတဲ့ ဒါးတွေကို နားလည်ကတဲက
သားဟာ
အဝေးမှုန်လာတယ်…။
ပြက္ခဒိန် တွေကို မျက်မှန်တပ်ပေးပါ။
မနက်ဖြန်ဆိုတာကို ဒါထက်ပိုပြီး
ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။

"နေ့စား"

ဒလှိမ့်ကောက်ကွေး ပစ်ကျတဲ့
စက္ကူဖာမှာ
ကူလီ ထမ်းသမားရဲ့ ဒေါသတွေ ပါတယ်
နာကျင်လွန်းတဲ့ ပခုံးပေါ်က ဒဏ်ရာ
ထမင်းတအိုးကျက် ဖို့
ခံသာပါတယ်
ကလေးမုန့်ဖိုးသာသာ ပါပဲ
ငွေသားချည်း ၁၅၀၀
မိသားစု တစ်ခု အတွက်တော့ ဝမ်းစာ …………

တုန်ရီနေတဲ့ခြေထောက်
ခပ်ပြင်းပြင်း ဆောင့်လို့
အဝတ်စုတ်ကို စလွယ်သိုင်း
မြေပြင် နဲ့ ဖဝါး တစ်လှမ်းချင်း
တစ်လှမ်းချင်း ရိုက်ရင်း
ပခုံးထက်က ဝမ်းစာဟာ
ချွေးတွေ ရွှဲနစ် လို့ ……………



" အချစ်အကြောင်းပြောတဲ့ ညက မင်းကိုငါ အပိုင် သိမ်းခဲ့တာ "

" အချစ်အကြောင်းပြောတဲ့ ညက မင်းကိုငါ အပိုင် သိမ်းခဲ့တာ "

နားနဲ့ မဆန့် အောင်
ကြားနေရတဲ့ အချစ်တွေ
တစ်ဆစ်ဆစ် နဲ့ ကိုက်တယ်
မျက်စိအောက်က
ဖြတ်လျှောက်သွားတဲ့ အချစ်
မြင်ကွင်း ရှေ့ တင် ပြေးလွှား
ကစားစရာ မဟုတ်ဘူး ဆိုပဲ
အချစ် စစ် ရဲ့…………

ဟို နားက ဒီနားက
ရင်ထဲက စိတ်ထဲက
အပေါ်ယံ က အသံ
ရှုပ်ယှက်တွေ ခတ်နေတဲ့
ကြက်ခြေခတ် ပုံစံ
ဒါဟာ လဲ အခြစ် တဲ့
အချစ် စစ် ရဲ့ …………

နားလည်မှု

တွေးတတ် ခေါ်တတ်
စဉ်းစားတတ်တယ်
ဒီအိမ်ထောင်ရေးလမ်းခရီး
သာယာ၏ မသာယာ၏
ခံစားချက် အပြည့်အစုံအလင်မှာ.....
သစ္စာတရားကိုရှာဖွေသူဟာ
မျက်နှာဖုံးအလွဲများကိုတွေ့ တော့ "ငါသာလျှင်ရူးမိုက်သူဖြစ်၏"တဲ့လေ.....
သံသယဆိုတာ
လောင်ကျွမ်းလွယ်တဲ့ ပစ္စည်း
ကောက်ရိုးတစ်မျှင်နဲ့ များ
ထတောက်နေတယ်
ချစ်ခြင်းအမှုဆိုတာ
သူစိတ်မပါဘဲ ကိုယ်အိပ်ယာဝင်သလို
မျက်နှာကို တစ်ဖက်လွဲ
တုတ်တုတ်မှ မလှုပ်တဲ့
လင်ပစ်မအလွမ်းတွေလည်းဖြစ်တယ်....
နှလုံးသားတစ်ခု
နွေးထွေးမှု ကင်းမဲ့ဇုံရောက်ချိန်
ဖြစ်ပျက်များရဲ့ 
ပြဿဒါး...ရက်ရာဇာ
ဘယ်သူမှားလဲ ဘယ်သူမှန်လဲ
ဒီစစ်ပွဲ မပြီးသေးဘူး
အချိန်ဟာဒိုင်ဆိုရင်
မီးကုန်ယမ်းကုန် နွှဲမလို့ 
ပြင်ထားတယ်.....
 
 Nga Tay