ဒလှိမ့်ကောက်ကွေး ပစ်ကျတဲ့
စက္ကူဖာမှာ
ကူလီ ထမ်းသမားရဲ့ ဒေါသတွေ ပါတယ်
နာကျင်လွန်းတဲ့ ပခုံးပေါ်က ဒဏ်ရာ
ထမင်းတအိုးကျက် ဖို့
ခံသာပါတယ်
ကလေးမုန့်ဖိုးသာသာ ပါပဲ
ငွေသားချည်း ၁၅၀၀
မိသားစု တစ်ခု အတွက်တော့ ဝမ်းစာ …………
တုန်ရီနေတဲ့ခြေထောက်
ခပ်ပြင်းပြင်း ဆောင့်လို့
အဝတ်စုတ်ကို စလွယ်သိုင်း
မြေပြင် နဲ့ ဖဝါး တစ်လှမ်းချင်း
တစ်လှမ်းချင်း ရိုက်ရင်း
ပခုံးထက်က ဝမ်းစာဟာ
ချွေးတွေ ရွှဲနစ် လို့ ……………
ရုန်းရ ကန်ရ
တစ်နေ ကုန် ထမ်းမှ
တရွက်ရ တဲ့ ဘဝ
ပူပင်ကြောင့်ကြ တဲ့ စိတ်
ကြိတ်မှိတ် လို့ မျိုချ
လည်ပင်းတလျှောက် က
ကန္တာရ …………
မောဟိုက် တဲ့ ရင်ဘတ်က
နိမ့်ချည် မြင့်ချည် နဲ့
ခေတ် ကို မျက်စောင်းထိုးလို့
တခွန်းချင်းခြွေ လေ ရဲ့
နေ့စားတယောက် ရဲ့ ဟာသ …
နေ့ စားတယောက် ရဲ့ ဂီတ …
နေ့စားတယောက် ရဲ့ ကမ္ဘာ……
ခင်းဗျား ကြီးရဲ့
လက် …ထဲ …မှာ ။ ။ ။ ။ ။
ဆင်စွယ်
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
No comments:
Post a Comment
ခံစားချက်တို့ ဝေမျှရင်