Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Monday 26 August 2013

ပုံပြင်

နင့်ရင်ခွင်ရဲ့ အေးစက်စက်စကား
ငါ့နားမှာ ခပ်ခါးခါး ကြားလိုက်တဲ့နေ့
ကောင်းကင်လိုမိုး မျက်နက်ဝန်းကို စိုးမိုးခဲ့ …..
ငိုသလို ရယ်မလို ငါဟာ
နင့်နောက်ကျော ကို လှမ်းမျှော်ဖူးလို့
ဒါပာာငါ့ဘဝ ရဲ့ ပထမဆုံး ကျိန်ဆိုဖူးခြင်းပါပဲ
လေပြေရေ .........
ငါ ……. ငါဟာ နင့်လေညှင်းမှာ လွှင့်ဝဲမဲ့ ရော်ရွက်ဝါသာဖြစ်တယ်….

ကောင်းကင်ကြီး အရေခွံလဲတဲ့နေ့ဟာ
ငါ့အတွက် နင့်ကို ဘုရားပေးတဲ့ နေ့လို့ 
ငါမှတ်သားထားခဲ့ပြီး………..
ကြယ်စင်တွေ ဆီကုန်တဲ့ ညကတော့
ငါ့ကို အထီးကျန်ခြင်း ဖြစ်စေဖို့
နင်ဖန်ဆင်းခဲ့လေရဲ့……

ကြယ်စင် ရယ်……. နင်နေနိုင်လိုက်တာကွယ် ……
တင်္ဒဂ အလင်းပေး …
ခိုလှုံဖို့ပြေးလာမှ ……နင်ကြွေရက်တယ် …….

ငါ့ပြက္ခဒိန် ထက်က နံပါတ်တွေလေ
နင်နဲ့စတွေ့တုန်းကလို တွေဝေ နေပုံများ
ဒီနေ့ထိ မိုးရာသီ ၂၀ ရက် ဖြစ် …….
ငါ့ ချစ်ခြင်းဟာ အချိုးချခြင်းရဲ့ လမ်းတစ်ဘက်မှာ ပဲလက်ပြခဲ့ရတယ်….

( အဖြူရောင်ဒဏ်ရာ ထိရှပြီဆိုရင် )
အသည်းကွဲခြင်းဟာ …..
ဂီတ နဲ့ ကဗျာ မျက်နှာတွေထက်မှာ ညှိုးငယ်ခုန်ပေါက်တတ်ကြတယ်…
မနေ့ကသေသွားတဲ့ ယုန်လေးရဲ့ရင်ဘတ်ဟာ အေးစက်နေသလို
နင်ဟာ ငါ့ရဲ့ ရှင်သန်ခြင်းကို အေးစက်စေတယ် ……
ငါတို့ သိပ်များများ မဆုတောင်းခဲ့ကြရုံနဲ့တော့
ငါတို့လမ်းခွဲမှုဟာ အနုပညာ တစ်ခု ဘယ်ဖြစ်ပါ့မလဲ ….
ဆိုခဲ့ဖူးတဲ့ သီချင်းတွေလိုသာ ….
စိတ်ရှိတိုင်း ကဗျာရေးလိုက်ရရင် ..( ရေးပြခွင့်ရှိသေးရင် )
နင့်ရဲ့ လက်ဟာ ငါ့ကို ကမ်းဖို့မှလွဲ တစ်ခြား မရှိသလိုပါပဲ ……

အချစ်နဲ့စစ်မှာ ထူးတဲ့ သူနဲ့ ရူးတဲ့သူက နိုင်တယ်တဲ့ … ။ ။
ငါက ထူးတဲ့သူတော့မဟုတ်ခဲ့ပါဘူး …………
ဒါပေမဲ့ …..ငါ ဘာလို့ ရူံးနိမ့်ခဲ့တယ်ဆိုတာ နင်သိခဲ့ရင် …….
.
.
.
ပျက်လုံး( လင်းရိပ်ထင် )

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်