တစ်ခါတစ်ခါ သူမက
ကျွန်တော့် ရဲ့  သခင်မလေးပါ
လိုချင်သမျှကို စေခိုင်းနေကြ
မရရင် စိတ်ကောက်နေတက်တယ်။
တစ်ခါတစ်ခါ သူမက
ကျွန်တော် ရဲ့  ဆရာမလေးပေါ့ 
စီနီယာတွေလာရင် ဘေးဖယ်ထားတက်သလို
မကြည်စရာတွေပါလာရင် အော်ငေါက်တက်တယ်။
တစ်ခါတစ်ခါ သူမက
ကျွန်တော့် ရဲ့  ဘေဘီလေးလည်းဟုတ်နေပြန်တယ်
ရင်ခွင်ထဲ ခေါင်းလေးဝှေ့ ပြီး ချွဲနွဲနေလို့ 
မငြိုငြင်ပဲ ရင်တွင်းစကားတွေနားထောင်နေတက်တယ်။
တစ်ခါတစ်ခါ အနိုင်ကျင့် လို့ 
တစ်ခါတစ်ခါ စိတ်ကောက်လို့ 
တစ်ခါတစ်ခါ ဆရာလုပ်လို့ 
တစ်ခါတစ်ခါ ခေါင်းလေးဝှေ့ လို့ 
ချွဲတက်တဲ့  သူမက ကျွန်တော့် ရဲ့ 
ထါဝရ ချစ်သူလေးပါပဲ.လို့ ပြောလိုက်တဲ့ အခါကျတော့ 
သူမက မျက်ဝန်းလဲ့ ပြာလေးနဲ့ ကျွန်တော့် ကို ငေးလို့ လေ
ပြီးတော့ သူလည်း ''ချစ်ပါတယ်ကို့ ကို''တဲ့  (တိုးတိုးလေးပြန်ပြောတယ်)
ရင်ခွင်ထဲထွေးပိုက်ထားလိုက်မိတဲ့ ခဏ
နွေးထွေးရှိန်းမြလို့  ။
Top 10 Free Cydia Tweaks for iOS 9 (Jail Only)
-
*#1. BreadcrumbsAway* *#2. UniversalForce* *#3. betterFiveC0lumnHomescreen* *#4.
betterFiveIconDock* *#5. f.lux* *#6. BlurryLaunch* *#7. CCSettings...
8 years ago
No comments:
Post a Comment
ခံစားချက်တို့ ဝေမျှရင်