Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Thursday 8 August 2013

နားလည်မှု


တွေးတတ် ခေါ်တတ်
စဉ်းစားတတ်တယ်
ဒီအိမ်ထောင်ရေးလမ်းခရီး
သာယာ၏ မသာယာ၏
ခံစားချက် အပြည့်အစုံအလင်မှာ.....

သစ္စာတရားကိုရှာဖွေသူဟာ
မျက်နှာဖုံးအလွဲများကိုတွေ့ တော့ "ငါသာလျှင်ရူးမိုက်သူဖြစ်၏"တဲ့လေ.....
သံသယဆိုတာ
လောင်ကျွမ်းလွယ်တဲ့ ပစ္စည်း
ကောက်ရိုးတစ်မျှင်နဲ့ များ
ထတောက်နေတယ်
ချစ်ခြင်းအမှုဆိုတာ
သူစိတ်မပါဘဲ ကိုယ်အိပ်ယာဝင်သလို
မျက်နှာကို တစ်ဖက်လွဲ
တုတ်တုတ်မှ မလှုပ်တဲ့
လင်ပစ်မအလွမ်းတွေလည်းဖြစ်တယ်....
နှလုံးသားတစ်ခု
နွေးထွေးမှု ကင်းမဲ့ဇုံရောက်ချိန်
ဖြစ်ပျက်များရဲ့ 
ပြဿဒါး...ရက်ရာဇာ
ဘယ်သူမှားလဲ ဘယ်သူမှန်လဲ
ဒီစစ်ပွဲ မပြီးသေးဘူး
အချိန်ဟာဒိုင်ဆိုရင်
မီးကုန်ယမ်းကုန် နွှဲမလို့ 
ပြင်ထားတယ်.....
Tay mi

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်