Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Friday 9 August 2013

" မှော်ဆန်လား "

ရွာမဲ့ မိုးမှာ ... မှော်ပါလား ... ?
သူအုံ့  မိုးတိုင်း ငါ့ရင်မှာ အုံ့ မိုးလို့  

ရွာမဲ့ မိုးစက်မှာ ... မှော်ပါလား ... ?
သူပြို ဆင်းတိုင်း ငါ့ ရင်မှာ ပြို ဆင်းလို့ 

ခြိမ်းမဲ့ မိုး မှာ ... မှော်ပါလား ... ?
သူ ခြိမ်းတိုင်း ငါ့ရင်မှာ ပဲတင်လို့  

မိုးလေပြေမှာ ... မှော်ပါလား ... ?
သူတိုက်ခက်တိုင်း ငါ့ရင်မှာ လှုပ်ခတ်လို့ 


မိုးရွာချိန်တိုင်း ... မှော်ပါလား ... ?
သူရွာတိုင်း ချစ်သူအကြောင်း တွေးလို့ 

ချစ်သူ အပြုံး ... မှော်ပါလား ... ?
သူပြုံးတိုင်း လှပလို့ 

ချစ်သူ အကြည့် ... မှော်ပါလား ... ?
သူ့ အကြည့်တိုင်း စူးရှ လို့ 

ချစ်သူဆိုတာ ... မှော်ဆရာလား ... ?
သူ့ ကို တွေ့ တိုင်း ရူးရလို့ 

ဒီလို နဲ့  ... ... ... ...
ငါ့စိတ်ကူးတွေ မိုးခို 
ရင်ခွင်ထဲက တံခါး တချပ် 
ခပ်တိုးတိုး ဖွင့်ထားမြဲ ...

ဘယ်ရာသီခွင် နဲ့  ဖွားမှန်းမသိတဲ့ ခံစားချက်
ထိုနတ်သမီး ... ပြာရီသော လက်အဆုံ နှင့် 
မိုးစက်တွေ ထဲ ထည့်ထားဆဲ ...

ရက်စွဲ တွေ နဲ့ ပြက္ခဒိန် သုံး ခု 
ခပ်ဝါ၀ါစာရွက် အဖြစ် ပြောင်း မဟောင်းနိုင်လဲ
ကြည်လင်နေဆဲ အမှတ်တရ တွေတိုင်း ..
ရေတစ်ပိုင်း မီးတစ်ပိုင်း ငါမှတ်မိတယ် ...

ခပ်သဲ့သဲ့ ... ချခဲ့တဲ့ ... သက်ပြင်းရှည် ၁ ခု 
မနက်ခင်းတိုင်း ရပ်ဖို့ ဆုတောင်းတယ်
ခုန်နေတဲ့ နှလုံးသား က မျက်ဝန်း တစ်စုံကို လွမ်းနေရတော့ 
တေလေ တစ်ယောက် ရဲ့  ရာဇ၀င် သိပ်ကဗျာ မဆန်နိုင်ခဲ့တာ မဆန်းကြယ် ....

နှင်းဆီရောင် နှုတ်ခမ်းကို ကိုက် ...
ခပ်စူးစူး အကြည့်ရဲ့ လေးတင်သံ သဲ့သဲ့ ...
အချစ် တစ်ခု နိဂုံး ...
မှော်ဆရာ ရဲ့ မီးခိုးလုံးလို

Pandora သေတ္တာ ထဲ က နေ့ တစ် နေ့  ... 
ငါလက်ထဲ ရောက်ခဲ့ ရင်ပေါ့ ...
မြက်ခင်းစိမ်းရောင် မိုး နေ့ တစ် နေ့ ကို ...
ရဲ့ ရင်စွာ အစားထိုးခွင့် ပြု ပါ ...

မျှော်လင့်ခြင်းတွေ ထွန်ယက်စိုက်ပျိုးခဲ့တဲ့ လူငယ်
မျှော်လင့်ချက်ကို ရိတ်သိမ်း ရင်း ...
မြေစွန်းပေနေသော သူ လက်အစုံ 
ကောင်းကင်ကို မ မှီနိုင်လဲ လှမ်းထားဆဲ ... 

ဒီလိုနဲ့ နောက်ဆုံး မှာ . . . . . . . 
တိတ်တိတ် လေး သယ်ဆောင်လာတဲ့ အတိတ် ထဲ က 
နောင်တ မရလို့  ရတဲ့ နောင်တ က မေးတယ် . . .
အချစ်ဆိုတာ မှော်ဆန်လား ... ???

Mr Death King

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်