Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

ဝစ်လစ်စလစ် ကဗျာ….

ဝစ်လစ်စလစ် ကဗျာ….

မတောက်တခေါက် ရေးတတ်တဲ့ ကဗျာသမားဘဝက
ဆီမရွဲတဲ့ လက်ဖက် ပန်းကန်လို
အလကားဝင်တွယ်ခံရတဲ့ နာရေးဝိုင်းမှာတောင် မခမ်းနားရှာ…
ငါတို့ဟာ ဝါသနာ အရကွလို့ ဟစ်ကြွေးချင်ပြန်တော့
အချိန်ကုန်ကြောင်းထောက်ခံစာ ပြ
ဝင်ငွေရှာတဲ့ မိဘ မျက်နှာ မထောက်တဲ့ ကောင်လို့
ပလိန်းတွေ ဘလိုင်းတွေ ဝစ်လစ်စလစ် တွေ ဝင်ကစ်ခံရ ……
ပြန်ပြောတိုင်း မကောင်းနိုင်တဲ့ လောကမှာ
နှုတ်ဆိတ်လို့ ငြိမ်နေသရွေ့ ပြုံးပြ နေသရွေ့ပေါ့
ခင်ဗျားတို့စကား ကြမ်းကျော်ခွင့်တွေ ပေးထားတယ် ….
သို့ပေမဲ့…
တစ်ကိုယ်ရေ တစ်ကာယ ခံစားမိသမျှ စာစီ…..
ကိုယ့်နာရီ ကိုယ်သာ ပိုင်သမို့ ….
မနိုင်ဝန် ထမ်းနေရတဲ့ ခင်ဗျားတို့ စကားကို
ဒီလောက်နဲ့ရပ် …………
ကျူပ်လက်တွေပြတ်တောင် စိတ်နဲ့ဆက်ရေးနေမယ် …
ကဗျာဟာ ကျူပ်ရဲ့ ထွက်သတ် ……

လင်းရိပ်ထင် …..

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်