Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

♥♥ ချစ်တယ် မုန်းတယ် လွမ်းတယ် ♥♥

♥♥ ချစ်တယ် မုန်းတယ် လွမ်းတယ် ♥♥
.
.
♥♥ အချစ်……..
.
♥♥ အနှစ်တွေ ခါးလို့ အပြစ်တွေသာ မြင်ရရင်
♥♥ အချစ်ဆိုတာ ရှိမယ်မထင်……….
♥♥ စစ်ဝင်္ကပါထဲ ထွက်လမ်းပျောက်သလို
♥♥ သက်စွန့်ဆံဖျား ပြေးနေလည်း
♥♥ ထွက်ပေါက်တွေ့မှ နောက်ကိုပဲ ပြန်ပြန်သွားချင်နေခဲ့…
♥♥ အလင်းနည်းနည်း နဲ့ ဆက်လျှောက်သွားရင်း
♥♥ ပြတ်တောက်စ လမ်းတစ်ခုကို အကွေ့
♥♥ သူမရဲ့ အငွေ့အသက်လေးနဲ့ တွေ့ကြုံ
♥♥ အချစ်ဆိုတာလေ .....
♥♥ တစ်ဖတ်သတ်နဲ့ လည်းပြည့်စုံနေလေရဲ့ ။ ။
.
♥♥ အမုန်း…………………
.
.
♥♥ ရှေ့ဆက်မဲ့အနာဂါတ်အတွက်
♥♥ ယုံကြည်မှုတွေနဲ့ တည်ဆောက်ခဲ့တဲ့ကြားက
♥♥ နာကျင်မှုတွေနဲ့ အဆုံးသတ်
♥♥ အရှုံးတွေနဲ့တော့ ရပ်ရမယ်ဆို……
♥♥ အပြုံးချိုချို တွေ ထပ်လွင့်မလာပါနဲ့
♥♥ ပြတ်ရွေ့ တစ်ခုနဲ့ ဆက်စပ်တဲ့ ငါဟာ
♥♥ အချိန်မရွေး လှုပ်ခတ်မဲ့ ငလျင်ပါ…..။ ။
.
.
♥♥အလွမ်း…………..
.
.
♥♥ အသည်းနွမ်းသူတို့ရဲ့ ညစာ
♥♥ လ မသာတဲ့ ညဥ့်နက်သန်းခေါင်တွေမှာ
♥♥ အမှောင်တွေထဲလည်း သူမ ရဲ့ မျက်နာ
♥♥ တောင်ပံတစ်စုံကို လုယက်ကာ
♥♥ ချစ်သူရှိရာကို ပျံသန်းလိုက်ချင်ပါရဲ့
♥♥ နာရီသံ တဂျက်ဂျက်နဲ့
♥♥ အသက်ရှူသံတွေ တချက်တချက်
♥♥ နေ့ရက်တွေ တရက်ပြီးတစ်ရက်ပြောင်းနေလည်း
♥♥ ကျနော့် ဆန္ဒ ၊ ကျနော့် ဆုတောင်း
♥♥ ပေါင်းစပ်ခွင့်ကိုသာ အခါခါ မှန်းတယ်
♥♥ ချစ်သူရယ် .. လွမ်းလိုက်တာကွာ ..........။ ။
.
.
အချစ်သမားကြီး = လင်းရိပ်ထင်
အမုန်းသမားကြီး = ဖိုး ရှန်
အလွမ်းသမားကြီး = နွေဦးမောင်မောင်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်