Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

"အမေ့သား"

"အမေ့သား"

ဒုက္ခတွေ ဝေ နေတဲ့ လမ်းပေါ်
ပေပေတေတေ လည်း နေခဲ့ဖူးရဲ့ …
ချိုင့်ခွက် ချောက်နက် ထဲ
သတိမမူ ပဲ ခုန်ဆင်းခဲ့ဖူး ရဲ့ …
တောင့်တ ကြောင့်ကြ ရမယ့်
သံသရာ ဝဲဂယက်ထဲ တဝဲဝဲလည်
မျက်စိမှောက် လမ်းပျောက်နေလေရဲ့ …
ဆုံးမ စကားတွေကြား ဝိုးတဝါး
ယောင်နန နဲ့ နားလည်သလိုလို
ခေါင်းတော့ ငြိမ့်နေပါရဲ့ …
အသိခေါက်ခက်
အဝင်က ခပ်နက်နက် ရယ် …
မသိကျေးကျွန်များ ပြု့နေရော့ သလား …
ဒီ ငမိုက်သား
လူပုံအလယ်မှာ
မော့တော့ မော့တော့ မော်ကြွား
ကမ်းမမြင် လမ်းပျောက် နေတဲ့
အမေ ရဲ့ သား …………။ ။ ။

ဆင်စွယ်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်