Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

။။။၊၊၊၊၊၊၊၊၊ အချစ်ဥယျာဉ်မှူးလေး ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊


။။။၊၊၊၊၊၊၊၊၊ အချစ်ဥယျာဉ်မှူးလေး ၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊

မသုံးပဲ ထားတဲ့ နှလုံးသားကို
အပြုံး များများ ကျွေးတဲ့ နေ့ က စ………
မကတတ် ကတတ် နဲ့ ကလာလိုက်တာ
ဟော.. ပရိတ်သတ် တွေ များလာတယ်………
ရုံပြည့်ရုံလျှံ မဟုတ်ပေမဲ့ …..
အားပေး သူတွေ တော့ အထိုက်အလျောက်ပေါ့……
အနုပညာ ကို ချစ်တာလား ………???
စကားလုံးတွေကို ချစ်တာလား ………???
ဝေခွဲရခက်နေတဲ့ မေးခွန်းတွေအတွက်
ငါစိတ် မပျက်ဘူး…….
သူတို့ နှစ် လိုက နစ်
သူတို့ ချစ် လိုက ချစ်
ဟုတ်တယ်…
ငါ့အဖြစ်က အနှစ်သာရ မရှိတဲ့ကောင်…..
မျက်ခုံးတစ်ချက် ဝင့် ရုံ…..
အပြုံးတစ်ချက် ပင့် ရုံ နဲ့………..
ငါ ရင်ခုန်တတ်တယ်လေ………..

ကြင်နာ ပြ တိုင်း အချစ်ဆိုရင်
ငါ့ ကြင်ဖက် တွေ များရချည့်ရဲ့……
အခုတော့ ………….
မင်း မပါတဲ့ခရီးက….ကွေ့ကောက်
ငါ့ ဦးနှောက်တွေ ခြောက်ကပ် လာတယ်…..

တစ်ချိန်က ……….
အစွန့်ပစ်ခံ ရင်ခွင် နဲ့ ကောင်မို့……….
အခုထိ အညှီနံ မပြယ်သေးတာထင်ပ………
အိပ်မက် တစ်ဆင်စာ ကို တိုးတိုးလာတဲ့မင်း
အသက် အပ်နှင်းပွဲ ရောက်မှ….
ဖျက်မျဉ်း တစ်ကြောင်း စွဲ….
သက္ကရာဇ် တွေ ချက်ချင်း ပြောင်းလဲပေါ့…

မိုးတွေ ရွာ တဲ့ နေ့မှာ လူတစ်ယောက်ကိုချစ်ခဲ့တယ်
မြူတွေ ဆိုင်း တဲ့ နေ့မှာ လူတစ်ယောက်ကို မြတ်နိုးခဲ့တယ်
နွေ ပူပူ မှာ တော့ ငါ……….
အက်ကွဲ လာတဲ့ ဒဏ်ရာတွေ ပြန်ပြန် ဆက်နေရတယ်....
အကြိမ်ကြိမ် ချစ်တယ်ပြောဖူးတိုင်း ....
အပေါစား အချစ်တဲ့လား………
အခါခါ ဖက်တွယ်ဖူးတိုင်း……..
ပြက်ရယ်ပြု သတဲ့လား………..

ဒါဆို ငါ …… ငါ……….
အချစ် ဆိုတဲ့ စကားလုံးတွေ မရေးတော့ဘူး...
ပြန်ပြန် ဖျက်နေရတဲ့ ခဲဖျက်လေးရဲ့ ရင်ဘတ်ကို သနားလို့…….

ကျေးဇူး ပြုပြီး နာရီတွေကို ရပ်တန့်ပေးပါ...
ကျေးဇူးပြုပြီး ပြက္ခဒိန် တွေကို ချိတ်ပိတ်ပေးပါ...
ကျေးဇူးပြုပြီး ကျွန်တော့ ကို တိတ်ဆိတ်ခွင့်ပေးပါဗျာ….
မနေ့က အတိတ်ရဲ့ အကျိုးဆက်တွေလို…….
မနက်ဖြန် တွေက ဖောက် တတ်လွန်းလို့….
ငါကိုယ့်ငါ………. ဆဲရေး မိနေတယ်………
အပြစ်မရှိပေမဲ့ အဖြစ်မရှိတဲ့ကောင်ဖြစ်နေတော့
အချစ်………ပစ်ပစ်သွားတာ ...
နှလုံးသားတောင် အထစ် ထစ်တွေ ဖြစ်လို့…..

ဟူး…………………………………….

မချစ် …………… သင့်တော့ပါဘူးလေ…………….. ။။ ။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊ လင်းရိပ်ထင် → အချစ် ဥယျာဉ်မှူးလေး၊၊၊၊၊၊၊၊၊၊၊၊၊၊၊

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်