Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

ငါ လွမ်းပြပါ့မယ် ချစ်သူရယ်

အသံတောင်မကြားချင်ဘူးဆိုတဲ့ နှုတ်ခမ်းပါးလေးရေ...
အဆင်ပြေရဲ့လား...
အလွမ်းတွေလျှာနဲ့လျှက်လို့
လုံးပါးပါးလာတဲ့စိတ်ဓာတ်တွေ....
နင်မျက်နှာလွှဲထားတဲ့ဘက်မှာ
ခရေပန်းတွေလိုကြွေတယ်။

တိတ်တိတ်လေးပါပဲ။
ရဲရင့်ခြင်းကို မျှဝေသုံးဖို့
အိပ်မတ်တစ်ချို့ဟာ ချိုခဲ့ဘူးတယ်။
အခုနားလည်တာက
ချိုခဲ့တဲ့တစ်ချို့ဟာ အိပ်မက်တွေလို့
လက်တွေ့ကြီးကို အိပ်မက်တယ်။

ချစ်သူရေ...အလင်းဖြူဖြူတောင်ပံကိုဖြန့်
ကောင်းကင်အပြည့်ကို ပျံစမ်းပါ။
ရင်ဘတ်အကန်းနဲ့လူတစ်ယောက်ရဲ့
ခရမ်းပြာကွက်လပ်ကိုထားခဲ့....
ကွက်လပ်ဖြစ်နေတဲ့ရင်ဘတ်မှ
နင်ကခရမ်းပြာအလင်း......
အလင်းတွေထက်လင်းတဲ့
ပြာလဲ့လဲ့အပြုံးတွေ.....
တစ်ကယ်ဆို
ခွဲခွာချိန်ဟာ အိပ်မက်တွေထက်ကြာသင့်တယ်.

အိပ်မက်တွေထက်ကြာသင့်တယ်...
နင်.......
ကောင်းကင်အပြည့် ကိုပျံစမ်းပါ...
အိပ်မက်တွေထက်ကြာတဲ့အထိ
ငါ့ လွမ်းပြပါ့မယ်...။

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်