Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 28 August 2013

နှုတ်ခမ်းနီမလေးသီချင်း"

မြူတွေခပ်မှိုင်းမှိုင်း
ညနေခင်းကလှတယ်
တောင်တန်းကြီးတွေထက်
နှင်းဝေတဲ့မနက်ခင်းဟာ
ဆောင်းရဲ့ရနံ့ကိုသယ်ဆောင်လာခဲ့
စူးစူးရှရှအေးမြမွှေးမြ
ဆောင်းဟာရနံ့တွေပါခြင်းကို
ခံစားမိသူတစ်ဦးကငါ.....

သူမရပ်နေကျနေရာလေးမှာ
အပြုံးပွင့်တွေထားလို့
သူမထွက်ခွာသွားခဲ့တာ
နှင်းတွေတောင်အတော်ကြွင်းခဲ့ပေါ့
ဆေးမပါဘဲရဲတဲ့နှုတ်ခမ်းရှင်
နှုတ်ခမ်းနီမလေးတစ်ဦးထံ
သူမအတွက်ရွယ်စူး
သူမ မသိခဲ့လေသော
သူမရဲ့ဘုန်းတော်ဘွဲ့
သံစဉ်တစ်ပုဒ်သာလျှင်
အကြိမ်ကြိမ်ညည်းဆို
လေပြေရေသူမကြားသိနိင်ခဲ့ရင်
(တည်ငြိမ်စွာငြိမ်းအေးမှု့တွေနဲ့ ညင်သာစွာအေးအေးချမ်းချမ်းပြုံးနေတဲ့ နှုတ်ခမ်းနီမလေးရေ အကြည့်တစ်ချက်ခေလာက်ဝင့်ပါဦးလေ)
သံစဉ်ထဲကလိုသူမကို
ထိပ်တိုက်ကြည့်ဖို့ကျနော်မ၀ံ့ရဲခဲ့သူ
မုတ် သုန်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်