Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

ခြောက်ကပ်နေတဲ့ မြို့ပြင်က သုသာန်ဝယ်
မျက်နှာစိမ်းများနှင့်ရောနှောကာ
လက်ထဲမှာ နှင်းဆီပန်းများကိုင်ထားသော
လူတယောက်..............

အရိပ်ရနှစ်ချို့ပင်ကြီးအောက်တွင
သူ၏ချစ်သူ အိပ်စက်လှဲလှောင်းနေသော
အုတ်ဂူဖြူဖြူလေးပေါ်မှာသေသေချာချာနဲ့
သပ်သပ်ရပ်ရပ် ပန်းများကိုတင်ကာ
တိတ်တဆိတ်မျက်ရည်များစည်းကျတာကိ
မထိန်းနိုင်ပဲ လျှိုဝှက်စွာ ရှိုက်ငိုကာ
မြုတွေစိုင်းနေတဲ့ တောင်တန်းတွေဘက်ကို
ငေးမောရင်း.........

ဒါကြံကမ္မာလား ဒါသံသရာလားလို့
တွေဝေစွာနဲ့ပဲ အတိတ်ကအရိပ်ဟောင်းတွေ
အတွေးထဲရိုက်ခတ်လာခဲ့ပြန်တယ်..။

ဝေးပီ...................
ဘ၀ခြားပေမဲ့အရင်းနှီးဆုံး
နှလုံးသားတခုဝယ်၌
ရှိနေတုန်းပါပဲလား....................။ ။ ။
 
(လူ့အံစာတုံး)

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်