Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

ထိုနေ့ တစ်နေ့ တွင် ဖြစ်၏

ထိုနေ့ တစ်နေ့ တွင်ဖြစ်၏...
လှသွေးကြွယ် လွန်းလှသော
ထိုခလေးနှမ၏ အဆင်းရူပါကို
အဝေးတစ်နေရာက ငေးခါ
ရှေ့ စားပွဲပေါ်က J'Donust မုန့် အစုံကို
အံကြိတ်ပြီး ဝါးစားပစ်ခဲ့သည်။

ထိုနေ့ တစ်နေ့ တွင်ဖြစ်၏.....
ဆိုက်ကားဂိတ်တစ်ခုတွင် ကျားထိုး
နေသော သူ့ အား အဖေလုပ်သူက
ဖင်ပိတ်ပိတ်ကန်ခါ ခေါ်သွားတော့
မလှမ်းမကမ်း အသုတ်ဆိုင်က
သူမ ရယ်သံ သဲ့သဲ့ကို
ဖင်ပိတ်ခံရင်း ကြားလိုက်မိတယ်.....

ထိုနေ့ တစ်နေ့ တွင်ဖြစ်၏.......
ဝေလီဝေလင်း မနက်အစ
ရွှေတိဂုံ စေတီသို့  ၃ ကားစီးရန်
မှတ်တိုင်သို့ အရောက်
ထို သူတော်ကောင်းမလေး နှင့်
ထက်ဆုံမိကြသည်။

ထိုနေ့ တစ်နေ့ တွင် ဖြစ်၏
ခါတိုင်း အပတ်စဉ်များ
နှင့်မခြား ဘုရားပေါ် ဝတ်ပြု
ဆုတောင်း လို့ အပြီး
နှစ်ယောက်သား
ပြောတစ်ခွန်း ဆိုတစ်ခွန်းဖြင့်
အနောက်ဘက်မုဒ် ကားမှတ်တိုင်မှ
ပြန်ခဲ့ကြသည်။

ထိုနေ့ တစ်နေ့ တွင်ဖြစ်၏
ချစ်လှစွာ သော "နှင်း "
သူမ
လွန်ခဲ့သော နှစ်ရက်ခန့် က
တိုင်းတပါးသို့ ပညာသင် ခရီးစဉ်နဲ့ 
သူမ ဥာဏ်ကောင်း သွားခဲ့လေပြီ

ထိုနေ့ တစ်နေ့ တွင် ဖြစ်၏......................

Credit:Tay Mi

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်