Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Thursday 8 August 2013

လက်ရာမြောက်အိပ်မက်


ယောကျာ်းတစ်ယောက်ရဲ့ အချစ်နဲ့
အနုစိတ်ရေးဖွဲ့ထားတဲ့ ကဗျာ
ငါ့မှာ….
နင့်နာမည်အပိုင်းအစလေးကိုတောင်မှ
ခမ်းခမ်းနားနား ကိုးကွယ်လို့….
ကြယ်တွေကတော့ သိန်းသန်းမက ကြွေပါရဲ့
ဆုတောင်းတစ်ခုသာ မပြည့်တာ….။


ကောင်းကင်နဲ့ မြေကြီးကို လက်ထပ်ပေးဖို့
မိုးစက်လေးတွေ ကြွေတာတဲ့…
ကဗျာဆရာတစ်ယောက်က
အဲဒီလို ဖွဲ့တယ်။
ဘယ်နတ်ဖုရားက ကြည်စယ်သလဲ
ငါ့ရင်ထဲမှာတော့ ပြဿဒါးတွေကို ……စီ..လို့။

ချစ်တဲ့ စိတ်နဲ့ ပဲ ကြည့်မိလို့လား…
ခြေသည်းချွန်ချွန်လေးတွေက လှလိုက်တာ..
ကောင်းကင်အထပ်ထပ်
နတ်သမီးနန်းတော်က ပန်းချီကို
အဲဒီခြေသည်းလေးပေါ်မှာ ဆွဲချင်တယ်။
ကောင်းခြင်းအဖြာဖြာစုတဲ့ နက္ခတ်တွေ
မင်းအိပ်ခန်းနံရမှာ
အလှချိတ်ဖို့ ပေးချင်တယ်။
စံမြန်းရာနန်းဆောင်ကို
ဘီလူးတစ်ကောင်လိုစောင့်…
သူတို့ ကြောက်အောင် ခြောက်ချင်တယ်။

ကောင်မလေးရေ…..
နင်က ငါ့ရဲ့
အမြဲတန်းဆောင်းရာသီ
အမြတ်နိုးဆုံးလျှို့ဝှက်ချက်
စိတ်နဲ့ ချစ်တဲ့ မနက်ခင်း
နင့်အကြောင်းတွေးယုံနဲ့
ငါ့ရင်ဘတ်က …``လင်း’ ’ လာတယ်။

ကောင်မလေးရေ…
နင့်ဆံညို ကတီပါခင်းမှာ
လိပ်ပြာလေးလို နားချင်တယ်
နင်တိုးတိုးလေးညည်းတဲ့
သီချင်းတစ်ပုဒ်လဲ ဖြစ်ချင်တယ်။
နင့်အိပ်မက်ကို စာစဉ်မှတ်…
ငါ့ရင်ဘတ်မှာ သိမ်းချင်တယ်။
ကောင်မလေးရေ….
နင်က…
ယောကျာ်းတစ်ယောက်ရင်ဘတ်နဲ့
အနုစိတ်ချစ်နေရတဲ့ ကဗျာ….
ဟော…..ကြည့်စမ်းပါ…
ငါ့အိပ်မက်တစ်ခုလုံး…
နင်ချစ်တဲ့ ပန်းတွေနဲ့ …ဖွေး…….လို့….။

(ရဲသစ်ဏီ)

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်