Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 28 August 2013

"စရာမှဆုံးခဲ့သည်"

ငိုခြင်းနဲ့စတင်လို့
အလင်းကိုမြင်တွေ့ခဲ့ရ
သေမျိုးတွေမို့
သေဖို့ကိုမွေးဖွားလာကြ
ရှင်သန်စဉ်ကာလမှ
ငိုရယ်မဲ့ပြုံး
ရသစုံစွာခံစားလို့
မွေးဖွားစဉ်က
စတင်လာခဲ့တဲ့
နမိတ်ပုံကိုပင်
အများဆုံးဖက်တွယ်တပ်မက်
ငိုကြွေးကြတယ်

ကိုယ့်ထက်အရင်ပြန်နှင့်သူတွေအတွက်
လောကဓမ္မဆိုတာကို
သိနေပါလျက်
ငြင်းဆန်လိုကြသူတွေပါ
အချိန်နည်းနည်းထပ်ပေးသင့်ကြောင်း
တောင်ဆိုမှု့တွေနဲ့
အမှန်တရားကို
ပြုပြင်ချင်လိုမှု့က
အတ္တလို့ဆိုချင်ဆိုတော့
ကျန်ရစ်သူတွေရဲ့ဒဏ်ရာ
ဘယ်လောက်နက်မလဲ
အမှတ်တမဲ့ထားခဲ့ဖူးရာ
အချိန်ခဏလေးတွေက
သတိရတိုင်းနမိတ်ပုံအဖြစ်တမ်းတ
ဘာမှမပါလက်ဗလာနဲ့
လာလမ်းပြန်သူတို့အတွက်
မျက်ရည်စတွေကသက်သေ
ခေါင်းလောင်းထိုးသံတွေမှာ
လှိုက်သံရှိုက်သံတွေပါကြောင်း
သူတို့သိမှာပါ
ဒီလိုနဲ့ငါမှမဟုတ်
"............"သူတွေဟာ
ကမ္ဘာလောကအနှံ့
တရားကိုတရားလိုသိမြင်ဖို့
သံဝေဂတွေလိုအပ်နေသေးသူမို့
ခေါင်းစဉ်ကိုလက်မခံလိုတာ
အဆန်းတကျယ်မဟုတ်ခဲ့လေ......
မုတ်သုန်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်