Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Wednesday 7 August 2013

ကျွန်တော်နှင့်ကောက်ကွေးခြင်းများ

ကျွန်တော်နှင့်ကောက်ကွေးခြင်းများ
===================

မဖြောင့်ဘူး….။
အနာဂါတ်ဟာ ယဉ်ယဉ်လေးလှတဲ့
မိန်းခလေးတစ်ယောက်ရဲ့ဆံပင်တွေလို
မဖြောင့်ဘူး။
လမ်းတွေ မဖြောင့်ဘူး….မြစ်တွေ မဖြောင့်ဘူး။
၂၁ ရာစုမှာ ကိုယ်ကျင့်တရားတွေ မဖြောင့်ကြဘူး။

Sorry မေမေ..
မွေးတုန်းကတော့ သားက အဖြူပါ။
အနားကပ်ပြီးမှ ထိုးတဲ့ ဒါးတွေကို နားလည်ကတဲက
သားဟာ
အဝေးမှုန်လာတယ်…။
ပြက္ခဒိန် တွေကို မျက်မှန်တပ်ပေးပါ။
မနက်ဖြန်ဆိုတာကို ဒါထက်ပိုပြီး
ရှင်းရှင်းလင်းလင်း မြင်ချင်တယ်။


မဖြောင့်ဘူး..ဟုတ်တယ်။
စနစ်တကျ ကွေးညွတ်ထားတဲ့ နှတ်ခမ်းတွေ
မြို့ပြဆက်ဆံရေးတွေပေါ်မှာ
ယဉ်ယဉ်ကျေးကျေးစီးတယ်။
အတွေးအခေါ်တွေ မဖြောင့်ဘူး…
နိုင်ငံရေး…အနာဂတ်..
နိဗ္ဗါန်….အင်တာနက်
လက်ဖက်ရည်ကျဆိမ့်…
ဝီစကီ..ကဗျာ..
ဖုန်းဘေ…ညနေခင်း…
လင်းလင်း…Networking….
Linux…..နံနက်၉နာရီ..
ချစ်သူ့ လမ်းခွဲစကား..
တစ်သိန်းအောက်လစာ…
…………………………………..
အသက်ရှူရတာ မဖြောင့်ဘူး။

မုန်းရမလား…ခွင့်လွတ်ရမလား
ဆက်ချစ်နေတုန်းလား..
မေ့လိုက်ပြီလား..စိတ်နာနေတာလား..
လွမ်းနေတာလား..ပြန်တွေ့ဦးမလား
ဝေးကြပြီလား…..
ခံစားချက်ဟာ မဖြောင့်ဘူး..

ဒီပုံစံနဲ့ …ဒီလမ်းကတော့ ပြန်မလာဘူး…
……………………………………
……………………………….
ဒါပေမယ့်..အခု….
ငါ့ယုံကြည်ချက်တွေ…….မဖြောင့်တော့ဘူး….။

(ရဲသစ်ဏီ)

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်