Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Monday 26 August 2013

လမ်းမပေါ်က အရူးနှင့် လမ်းဘေးက အရူး …

နိုင်ငံနဲ့ မမျှအောင် ရောင်းချနေရတဲ့ စည်ဘီယာဟာ
ငါ့လက်ထဲရောက်မှ ကားတွေဆိုင်ကယ်တွေပေါက်လို့
ဆက်သောက်ကြမဲ့ နောက်လူတွေကို
‘ ကျေးဇူးတင်ပါသည် ‘


ငါတို့ ရောက်ခဲ့တဲ့ အမှတ်တံဆိပ်ဟာ
မူလတန်းလွန် အဆင့်မှာရပ်တန့်
ဒါကို ထမင်းစားလက်မှတ်လို့ သတ်မှတ်ထားတဲ့
မိဘနှစ်ပါး ကိုတော့အားနာပါဘိ
ငါတို့ဟာ လူရာဝင်ဖို့ လူဘောင်ကို ဖောက်ထွက်လာနေချိန်
ဟိုဘက်ရပ်ကွက်က မျက်နှာဖြူတွေ မျက်နှာမည်းတွေက 
ဘောင်ကွပ် အနားသတ်နေချိန် ဖြစ်လို့ ……
ငါတို့နာရီတွေ ဘက်ထရီ မှား ………
ငါတို့ဆန်တွေ ဈေးရောင်းမှားခဲ့ကြတယ် …….

တိတိကျကျ ပြောပြရရင်……..
မနေ့က ထိုင်ခဲ့တဲ့ တီးဆိုင်က ကျဆိမ့်လောက်
ဘယ်ဆိုင်မှ သောက်မကောင်းခဲ့ဘူး ……
‘အမြင်တော်ရာမှာ နေစမ်းပါကွာ ……….’
‘ဟုတ်ကဲ့ ….. ကျွန်တော် ခေါင်းငုံထားပါတယ် …..’
‘မင်းတို့ အမြင်တွေကိုက ကျဉ်းလွန်းလို့ပါ …..’
‘ဒါတော့ အစ်ကိုတို့က ကျင်းချဲ့တတ်ကြတာကိုး ….’
‘အစားသာကုန်အောင်စားပါ …..
အမှားကို ကမ်းကုန်အောင် မမှားပါနဲ့ ……’
‘ဘာလဲ !!!! မင်းတို့က ရင့်တာလား …..’
ဟိုဘက်ခြံက လှမ်းဟောင်မနေနဲ့ ပါပီ …….
ငါတို့ဟာ ……ဘယ်သူ့ရဲ့ ဘယ်သူဖြစ်တယ် ..
ဆွဲစိလိုက်လို့ အတွဲမရှိ ဖြစ်သွားမှ … မာမီရယ် မှားပါတယ်ဖြစ်နေမယ်….

သေသေချာချာ ပြောရရင် ……
ငါတို့အိမ်က ဆန်ဖိုး ရှားနေတယ် …… 
‘ သာကော့ ( တရုတ်လိုဖတ်ပါ )
မင်းတို့ အိမ်မှာ လာကူမယ်ကွာ …. ဆန်ဖိုး ကြည့်ပေးပါ့လား ….’
ဒီလိုနဲ့ ငါတို့ အိမ်သားတွေ က သူများအိမ်အကူလုပ်
ငါတို့ဆန် ငါတို့ဝယ်ဖို့ ငါတို့လူကို သူများ အကူ ခိုင်းရပြန်တယ် ….
‘ ဒါတော့ ဝ တို့က အုန်းဏှောက်စီးတာကိုး ဝတို့လို နေချီ ဝတို့လို လုပ်လေ….’
‘ခီဗျား တော်တော် လက်ပေါက်ကပ်လယ်နော် ကောင်လေး ……. ‘
အမှောင်ယံ ဆိုတာ နေဖူးမှ ခြောက်ခြားစေမှန်း သိတဲ့အရာ …..
သေချာတယ် ….. သူငယ်ချင်း 
ငါမနေဖူးပေမဲ့ မင်းနေရာက ပိုကြောက်ဖို့ ကောင်းတယ်ဆိုတာ သိနေတယ် ……

ဘယ်အိမ်က ဘာဖြစ်လို့တဲ့ …. ဒွေးလေးကြည်ရေ
ငါ့သားလေး မလေး တို့အိမ်မှာ ဘေးကင်းပါရဲ့လား …..
ဒီလိုပဲကွ ……. ငါတို့ မိဘက စိုးရိမ်စိတ် နည်းနည်း ကြီးတယ် ….
ဟိုတစ်လောက ဖဲရိုက်တာ မင်းရှုံးသွားတယ်ဆို ….
အေးကွာ …. တစ်ပွဲတည်း အကုန်အောကြေးမှာ…
သောက်ကုလားချည်းတတ်လာတယ်ဆိုပါတော့ကွာ …….

ကဲပါကွာ အဲ့ဒါမေ့ထားလိုက် …….
မနေ့က တီးဆိုင်ပြန်သွားပြီး ကျဆိမ့်လေးနဲ့ သွားနှပ်ရအောင်ကွာ ….
.
.
.
ပျက်လုံး ( လင်းရိပ်ထင် )

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်