Social Icons

Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Featured Posts

Sunday, 22 September 2013

"မဲခေါင် ငါလာတယ် မင်းဆီကို "

မဲခေါင် - ငါဟာ ကဗျာဆရာ
ငါလာတယ် မင်းဆီကို
မင်းရဲ့သဘာဝအလှတရားတွေကို ခံစားဖို့
မင်းရဲ့အတွင်းရေးတွေကိုစုံစမ်းဖို့
ပြီးတော့ မင်းနဲ့ချစ်ကြည်ရင်းနှီးဖို့
မင်းဆီကို ငါလာခဲ့ပေါ့

မဲခေါင်- မင်းဟာ လူသားတစ်ယောက်နဲ့တူရဲ့
မင်းမှာ ခေါင်းရှိတယ် ခန္ဒာကိုယ်ရှိတယ်
မင်းရဲ့ အရပ်က ကီလိုမီတာ ၄၈၀၀ ရှည်လျားပြီး
မင်းရဲ့ ခန္ဒာကိုယ်ထဲမှာတော့
သွေးဆဲလ်ပေါင်း ၆၅ သန်းကျော်စီးဆင်းလှုပ်ရှားနေကြပေါ့

"စကားတွေ မြင်ရတာခါးလွန်းလို့ အန်ထုတ်မိပါရဲ့"

ရင်ဘတ်ထဲက စကားလုံးတွေကို 
တောက်တို မယ်ရ ချ ချပြ 
ကမ္ဘာကြီးတခုလုံး
လက်ထဲ ဆုပ်ထားပြီး မှ 
အောက်ကမြင့် ကို မေ့နေတာလား …

" ငြိမ်းချမ်းရေး "



ပြေးသူပြေး 
ဝေးသူဝေး 
မျက်ရည်စက်လက် နဲ့ 
'တောက် ' ခတ်ခဲ့ကြ 
သွားတွေတောင် ကြိမ်းလှပေါ့ …………

Wednesday, 28 August 2013

နှုတ်ခမ်းနီမလေးသီချင်း"

မြူတွေခပ်မှိုင်းမှိုင်း
ညနေခင်းကလှတယ်
တောင်တန်းကြီးတွေထက်
နှင်းဝေတဲ့မနက်ခင်းဟာ
ဆောင်းရဲ့ရနံ့ကိုသယ်ဆောင်လာခဲ့
စူးစူးရှရှအေးမြမွှေးမြ
ဆောင်းဟာရနံ့တွေပါခြင်းကို
ခံစားမိသူတစ်ဦးကငါ.....

"စရာမှဆုံးခဲ့သည်"

ငိုခြင်းနဲ့စတင်လို့
အလင်းကိုမြင်တွေ့ခဲ့ရ
သေမျိုးတွေမို့
သေဖို့ကိုမွေးဖွားလာကြ
ရှင်သန်စဉ်ကာလမှ
ငိုရယ်မဲ့ပြုံး
ရသစုံစွာခံစားလို့
မွေးဖွားစဉ်က
စတင်လာခဲ့တဲ့
နမိတ်ပုံကိုပင်
အများဆုံးဖက်တွယ်တပ်မက်
ငိုကြွေးကြတယ်

Monday, 26 August 2013

"ထေရဝါဒစည်း"

အစွန်းနှစ်ဖက်
လွတ်တယ်လို့
ကိုယ်ယုံကြည်မှု့ကိုယ်သတ်မှတ်
သူတပါးရဲ့
ကိုးကွယ်မှု့ကိုမပုတ်ခတ်မိခဲ့ဘူး
ဒါပေမယ့်ကျုပ်ဆိုတဲ့လူက
သူတပါးဆီမကျုးကျော်သလို
ကိုယ့်ဆီကျုးလာမယ့်သူတွေကို
လက်မခံလိုလို့
စည်းရိုးခတ်ခြင်းကိုအားပေးခဲ့

လမ်းမပေါ်က အရူးနှင့် လမ်းဘေးက အရူး …

နိုင်ငံနဲ့ မမျှအောင် ရောင်းချနေရတဲ့ စည်ဘီယာဟာ
ငါ့လက်ထဲရောက်မှ ကားတွေဆိုင်ကယ်တွေပေါက်လို့
ဆက်သောက်ကြမဲ့ နောက်လူတွေကို
‘ ကျေးဇူးတင်ပါသည် ‘