Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

`` ဆန္ဒ ´´



မမြင်ဖူးလို့ မူးမြစ်ထင်တာ မဟုတ်ပါဘူး။

မချစ်ဖူးလို့ အရူးအမူး ဖြစ်နေရတာပါ။

စစ်မှန်တဲ့ချစ်ခြင်း အသက်သွင်းချင်ပြီ။

ခုတော့ ခြားနားထားတဲ့

ဝေးကွာခြင်းတွေကြား

ငါနွမ်းလျလွန်းနေပြီ။

စိတ်ကူးနဲ့ ကြည်နူးခဲ့ရတဲ့

နင့်ရဲ့ လေထဲကအနမ်းတွေ

ဘယ်အချိန်ငါပိုင်ဆိုင်နိုင်ခွင့် ရှိမလဲ။

ယုံကြည်ရာချစ်သူ့ရင်ခွင်

ခိုဝင်လို့ မှေးစက်ချင်ပြီ။

ခါးသက်တဲ့လွမ်းဆွေးခြင်းတွေ

အဆုံးသတ်

တမ်းတမှု့တွေ သက်တမ်းမရင့်မီ

ချစ်သူရေ……

တို့နှစ်ယောက် ဆုံတွေ့ကြစို့နော်။ ။ ။

                              အနီရင့် ။
 

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်