Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 22 September 2013

"စကားတွေ မြင်ရတာခါးလွန်းလို့ အန်ထုတ်မိပါရဲ့"

ရင်ဘတ်ထဲက စကားလုံးတွေကို 
တောက်တို မယ်ရ ချ ချပြ 
ကမ္ဘာကြီးတခုလုံး
လက်ထဲ ဆုပ်ထားပြီး မှ 
အောက်ကမြင့် ကို မေ့နေတာလား …


ခခွေးရဲ့ ပြောင်းပြန်ဟာ သဝေထိုး 
ဂငယ်တွေ ယပက်လက်တွေ မပြောနဲ့
နံပတ်တစ် ကို ဇောက်ထိုးဆွဲ 
ဝစ္စပေါက် ပျောက်သွားတဲ့ ည 
ရေးချာ ဆိုတာ အရေးမပါ တဲ့ အရာ 
သူ့ခမျာ ချန်လှပ် ထားခံရ 
ဘော့ပင် မှင် ပြတ်များသွား ရော့သလား …

ဟေ့ …ခလေးမ 
အချစ် တွေ …
အချစ် တွေ …
သိပ်ခြစ်လွန်းတော့ လည်း 
စက္ကူပေါ် မှာ အရာထင်ရုံလောက်သာ 
မှတ်ထား… ခလေးမ 
ကိုယ်ရေးတာ ကို မ ဂါ စေနဲ့ …
သိသလား ခလေးမ …
ကိုယ်ရေးတာ ကို ဘာ ဆိုတာ …¿

'စေတနာတွေ သတ်ပုံမှား တဲ့ ဘဝ' …………။ 

ဆင်စွယ်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်