Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 22 September 2013

" ငြိမ်းချမ်းရေး "



ပြေးသူပြေး 
ဝေးသူဝေး 
မျက်ရည်စက်လက် နဲ့ 
'တောက် ' ခတ်ခဲ့ကြ 
သွားတွေတောင် ကြိမ်းလှပေါ့ …………

တောင်ကြားထဲမှာ 
အလံဖြူလေးစိုက်လို့ 
အသံ သ့သဲ့လေး ကြားမိပါရဲ့ 
'ငြိမ်းချမ်းရေး' တဲ့ 
နေ့မြင်ညပျောက် ဆိုတာ ဒါများလား ?
ကိုယ့်အတ္တကိုယ် ရှေ့ တန်းတင်နေသမျှတော့ 
' တောက် ' ……………

တယောက်နဲ့ တယောက် 
တဖွဲ့ နဲ့ တဖွဲ့ 
တအိမ်နဲ့ တအိမ် 
တနယ် နဲ့ တနယ် 
တမြို့ နဲ့ တမြို့ 
တနိုင်ငံ နဲ့ တနိုင်ငံ 
ငြိမ်းချမ်းရေး ကိုယ်စီကိုင်လို့ 
စက်သေနတ်တွေ အစား 
ပန်းတွေ ပွင့်စေသား …………… ။

ဆင်စွယ်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်