Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

ဝေဒနာပြတိုက်

လူ့ဘဝဆိုတာ သမားရိုးကျဖြတ်သန်းဖို့ခက်ပါတယ်
အမြင့်အနိမ့်မညီမှတော့ အနိမ့်အမြင့်လည်းရှိနေမှာပဲ
အများကမှားတာလား အမှားကများတာလား

အနေကိုကမှားခဲ့တော့ အမှားနဲ့ပဲနေပျော်ခဲ့တယ် 
စေတနာလိုလိုနဲ့ တဏှာစေရာနောက်ကောက်ကောက်ပါ
အပြန်အလှန်ကောက်ကျစ်ကျရင်း အလှန်အပြန်ခွေးကျကျ
တုတ် ငုတ်များတဲ့လောကစစ်မှာ ငုတ်တုတ်သွားရင်ကျရှုံးမှာပဲ
ဘဝနာတာကို ဘာဝနာရှုရင်
သူ့ချစ်မရှိလို့ ချစ်သူမရှိခဲ့တာတွေ
အတင်းပြောသူတွေကို အပြောတင်းခဲ့တာတွေ
နေ့နဲ့ညက ညနဲ့နေအဖြစ်ပြောင်းလဲပြီးနောက်
အမှောင်အမည်းလောကမှာ အမည်းအမှောင်လောဘနဲ့
ရှေ့ဆက်
ပိုက်ဆံရှိဖို့လိုတယ် ဆန်ပိုက်နေဖို့မလိုဘူး
မိုက်မိုက်ကန်းကန်းနဲ့ ကန်းကန်းမိုက်မိုက်လျှောက်တဲ့လမ်း
အစဆုံးမရှိ အဆုံးအစမဲ့
သူတစ်ပါးရှို့သည့်မီးမှသည် ကိုမီးကိုရှို့ရင်းဖြင့်......

                                               ရင်ခွင်မဲ့

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်