Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday, 30 December 2012

သို့...နန်းတော်

အသက်မဲ့ ဝိညာဉ် ..
လွင့် မျော ရင်းနဲ့ ...
ရောက်ရှိသွားတယ်...
နန်းတော် တစ်ခု ဆီသို့ .....
လှပခမ်းနားတဲ့  နှလုံးသားတွေနဲ့ 
တည်ဆောက်....ထားတဲ့ ကဗျာ...
ကဗျာ ကဗျာတွေ..
အစွန်းရောက်နေတဲ့ ...
ငါ့ အတွေးတွေက တောင်..
မှော်ဝင်စွာနဲ့  ပျော်ဝင်သွားခဲ့ တယ်...

မှော်ဝင်နန်းတော်တဲ့ ...
ခမ်းနားတဲ့ အတွေးနဲ့ 
ဆန်းပြားစွာပေးအပ်..
ထိုက်တန်ပါတယ်....

နန်းတော်ကြီးရေ ...
ငါ့ အသက်ကိုနှုတ်...
ငါ့ အသွေးကိုပေး....
ငါ့ နှလုံသားက ရေးတဲ့ ကဗျာတချို့ နဲ့ ...
ပျော်ဝင်စွာ ပေးဆပ်ပါရစေ...
သူရိန် လင်းလင်း

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်

Post a Comment