Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

လျစ်လျူရှု့ခြင်း







အမြင် မတူတော့  လို့  တမင် လျှော်လိုက်တယ်ပေါ့ 

နင် ပျော် ပိုက် တဲ့  အမိုက်စား လူစားရင် မှာ ငါမပါဘူး

နုံ အ အ လူ တစ်ယောက်လို့  ထင်ချင်ထင်

နင့် ချည် တဲ့ ချည်တိုင်မှာ ငါ့ ကိုယ် တိုင် ရုန်း မထွက်ချင်ခဲ့ တာပါ

ခဏတာ ဆို ပေမဲ့ ...နင့် ကို ငါ တစ်ဘ၀စာ ရည်း စူးခဲ့ မိရဲ့ 

နင် မရှိတဲ့ နေ့ ရက် တိုင်း ရင် ဘက် မှာ နေမုန်းတိုင်းပေါက်ကွဲ

လျော့ တိ လျော့ ရဲ မျှော် လင့် ချက် နဲ့ ..နင့် အနမ်းတစ်ချို့ မျှော်လင့် ခဲ့ 

မခေါ်ဘဲ လာ သူ့ ကို နင့်  က နှင် ရက်တော့လည်း..............

နင့် အပေါ် အပြစ် မ မြင် ရက်တော့ ဘူး

နင့်  နဲ့  ပက် သတ် တမျှ ငါ့ လျစ် လျူ ရှုလိုက်တော့ မယ်....

မချစ်တော့ တာလား မမေး ပါနဲ့ ............................

နယူတန်ဆိုတဲ့ လူ ရှိနေရင် သူ သီအိုရီ မှားကြောင်း ငါအော်ဟစ်မိမယ်.........

တော် သင့်  ပါပီ မပူပန်ထိုက်တဲ့ ....ပန်းတစ်ပွင့် အတွက်.ရင်နာမိတယ်

ထားပါတော့  ထားပါတော့ လေ...ငါမှားခဲ့တာပေါ့ ....................

အားနား စွာ ပြုံး ပြတက်တဲ့  နင့် အပြုံးတွေ မလို ချင်တော့ .

ဘာတွေ့ ပဲဖြစ်နေပါစေတော့ ...ခပ်ပေါ့ပေါ့တွေးလို့ 

မီးလျှံ ကြား ကရောမ မြို့ ကို တယောထိုးရင် ကြည့်နေတဲ့ 

နီရို ဘုရင် ရဲ့  အပြူမှုမျိုးနဲ့  နင့်ကို ငါ လျစ် လျူ ရှု့ ဖို့ ပဲ ကြိုးစားမယ်...............

                                                                          နတ်ဆိုး


No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်