Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

နယ်ကျွံအတွေး



ခုတလော ငါ့စိတ် စနေဂြိုလ် ဖက် အလည်ထွက်နေတယ် ၊၊
အတွေးတွေ လမ်းဘေးမှာ ပေါက်တတ်ကရ လျှောက်တွေးကုန်ပြီ ၊၊ 
စဉ်းစားခန်း ဘယ်နခန်းရှိတယ်မသိ ရောက်တတ်ရာရာ ရေကြည့်တာ အဆုံးစမဲ့ ၊၊ 

သူက အတွေးသမားတဲ့ ပြောတာပဲ ၊ သဘောက အရမ်းမဂေါက်နဲ့ ပေါ့ကွာ ပေါ့ ၊ အင်းလေ ပြောချင်စရာပါပဲ ပလပ်ကျွတ်နေတာကိုး ၊ ခံယူချက်ကွာတယ်လေ ၊ အင်္ကျီဝတ်တိုင်း ကြယ်သီးတလုံးတပ်ဖို့ မေ့မေ့နေတဲ့ သူ ၊ ဖိနပ်စီးတိုင်း ကိုယ့်ကြိုးစ ကို ကိုယ်ပြန်နင်းမိတဲ့သူ ၊ ဒါတွေဟာ အတွေးသမား လို့ ပြောရရင် ကိုယ်ဖတ်နေတဲ့ စာမျက်နှာ ဘာအကြောင်းအရာမှန်း မသိတဲ့သူကရော နလပိန်းတုန်း လား ၊
ကဲ ဘာပဲ ဖြစ်ဖြစ်ဗျာ ၊ ကျွန်တော်တို့ ဘာမှမတွေး မစဉ်းစားပဲ တစ်မိနစ်လောက်နေကြည့်ရအောင် ၊၊

ဆင်စွယ်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်