Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

အနာ

ဒဏ်ရာကျက်လာရင် အနာတစ်ခု ဖြစ်လာတယ်

နင့် အပိုင်းပိုင်း ဖြတ်ခဲ့  တဲ့  ရင် မှာ နှလုံးသားကအနာပေါ့ 

တစ်ခါခါတစ်ခါတော့  မှုန်ရီေ၀၀ါးနေသော အတိတ်မှာ

နင့် မပါတဲ့ ဖိတ်စာတစ်ချမ်း ၇ိုက်ထားခဲ့ ဖူးလေ ရဲ့ 

အသိမကြွယ်တဲ ကလေးသူငယ်တစ်ယောက်ရဲ့ ...


ရူးမိုက်မှူုမျိုးပေါ့ ....နင်စိတ်ကြိုက်ဆော့ ကစားခဲ့

ပျော်ပါးဖို့ ဝိုင်မရှိတဲ့ အခါ ငါ့သွေး တွေသာ နင် သောက်သုံး

စောက်သုံး မကျတဲ့  ငါ သာ နင့်ကို ရူးသွပ်ခဲ့တာ............

နင့် အတွက် တော့ နောက်ဆုံး ထားတဲ့  ၀ှက်ဖဲလား.........

ပျက်ပြယ်သွားတဲ့  ...အစွန်းတစ်ခုအောက်မှာ..........

အမည်းစက် တစ် ခုတော့  ကျန် တက် စ မြဲ ပေါ့ ............

နင့် ကြောင့်  စွန်းခဲ့ တဲ့  ရင် ဘက်တစ်ဝိုက်မှာ.................

နင့် နာမည် ကို အမုန်း မည်းစက်တွေ စွန်းနေတယ်...............

ဒီ ဘ၀တစ် သက်လုံး ငါ နင့် ကို မုန်း ဖို့  ကြိုးစားမယ်.....................



                                                     နတ်ဆိုး

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်