Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦ နှုတ်မဆက်တော့ဘူး..မေ ♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦♦



မ ချူ သာ
လူ မှာ နွမ်း တယ်
ပူ ကာ ပန်း လို့ ........... ထိတ် ဗျာ ပွေ ။

မ ခူး သာ
စူး ဖြာ ပန်း မို့
ရူး ကာ နှမ်း ခဲ့ .......... သိ က္ခာ တွေ ။

မ ချစ် သာ
သ စ္စာ လွဲ တယ်
ဝဋ် ကြ မ္မာ ပဲ လို့ .......... ကျိတ် ကာ ဖြေ ။

မ ဖြေ သာ
ဝေ ဒ နာ ပိုက်
နေ သာ ခိုက် လည်း .......... အိပ် ယာ ကြေ ။

မ ခေါ် သာ
တော် ရာ အ ဝေး
မျှော် ကာ ငေး လို့ .......... စိတ် သာ ဖြေ ။

မ တွေး သာ
ဆွေး ကာ နင့် တယ်
ဝေး ကာ လွင့် တဲ့ ........... ဖိတ် စာ တွေ ။

မ ယှဉ် သာ
ရင် မှာ ပူ တယ်
သွင် မ တူ တဲ့ ........... မိ စ္ဆာ မြေ ။

မ ဆို သာ
မ လို တ မာ မို့
မ ငို ပါ နဲ့ .......... တိတ် ပါ မေ ။

မ တား သာ
နား စ ရာ တွေ့ ရင်
သွား ချင် သွား တော့ .......... လိပ် ပြာ ရေ ။

နွေဦးမောင်မောင်

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်