Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Sunday 30 December 2012

‎**********နယ်နီမိတ်***********


နှလုံးသားဧရိယာတ၀ိုက်
အချစ်တွေရာဇ၀င်အသစ်
ထုဆစ်နေချိန်မှာ ငါ...........

စိတ်ဝိဥာဉ်တွေလွင့် အတွေးသစ်
ရင်မှာလှိုက်မောကာ
စွဲလမ်းနေတဲ့ငါ................


ဖြူစင်အချစ် ရင်မှာဖြစ်တည်
နှလုံးသွေးစိမ့်ဝင် ရုန်းထွက်ဖို့ပြင်
လွမ်းလို့ပင် ငါ.....................

ခြောက်ခမ်း နှုတ်ခမ်းကအနမ်း
ယောင်ရမ်းတမ်းတ အလွမ်းည
ကုန်လွန်ခဲ့ရင်း ငါ................

အမှတ်တရ ဝေခွဲမရ
စိတ်မှာေ၀၀ါး အမှားများနဲ့ ငါ..............

ည အလွမ်းတွေနှိပ်စက်
အဆိပ်တွေတက် အချစ်၇ဲ့ည
ဝေးကွာရင်းနဲ့ငါ................

ကလောင်မဲ့ကဗျာတွေနဲ့ငါ.............

အဖြေမဲ့အလွမ်းတွေနဲ့ငါ................


"လူ့အံစာတုံး"

No comments:

Post a Comment

ခံစားချက်တို့ ဝေမျှရင်