ကျပ်ငွေတစ်ရွက်ရဲ့အောက်
ဦးခေါင်းငုံ့လျှောက်ခဲ့တဲ့သူ
သီလတွေ မဖြူစင်တော့ဘူးညီမငယ်။
ကျပ်ငွေတစ်ရွက်ရဲ့အောက်
မျက်စိမှိတ်လျှောက်ခဲ့တဲ့သူ
ဇာတိသွေး မဖြူစင်တော့ဘူးညီမငယ်။
ကျပ်ငွေတစ်ရွက်ရဲ့အောက်
စိတ်လိုတိုင်းရောက်ချင်တဲ့သူ
ဝံသာနုစိတ်ဓာတ်တွေမေ့ဖျောက်
အမျိုးဂုဏ်ဖောက်လို့ ..........
အပါယ်လည်းမကြောက်တော့ဘူးညီမငယ်။
ကျပ်ငွေကိုချစ်
ပြည်ထောင်စုကြီးနစ်လိမ့်မထင်
ငွေမြင်လျှင် ငမ်းငမ်းတက်
အချစ်ကို ငွေနဲ့ပဲနှုတ်ခွန်းဆက်ခဲ့
ဂုဏ်တွေ သိပ်တက်သတဲ့လားညီမငယ်။
ငွေမရှိ အချစ်ကုန်
ငရဲဘုံရောက်ချင်ရောက်
မင်း ဒီပြည်ဝမ်းကိုဖောက်
နင်းလျှောက်မလား ညီမငယ်။
စဉ်းစားပါ ညီမငယ်
စစ်မြေပြင်ရောက်
စစ်သားတွေ ငါးရာလောက်ထက်
မင်းတစ်ယောက် အရေးကြီး
အချစ်ကို ငွေအရင်းအနှီးနဲ့
တည်ဆောက်ပြီး ပြည်ဖျက်
ဘိုးဘွားဂုဏ် မင့်လက်ထက်မှ
အဆက်မဖြတ်ပါလေနဲ့နော်။
ငွေ ဟာအရာကျယ်ပေမယ့်
ဒို့ရေမြေခင်တွယ် စိတ်
မြင့်မြတ်တဲ့ဘာသာတံဆိပ်ကို
ငွေဆိပ်တက်အချစ်တစ်ခုနဲ့ ထပ်တူရောင်း
ငွေဝယ်ကျွန်ခေါင်းပေါင်းလှလှလေးဝတ်
စောင့်လေမျိုးနွယ်အရေခွံတွေ ချွတ်မချပါနဲ့
ဒို့အမျိုးတွေ အတွက်မို့
သွေးချင်းဆက်မှာခဲ့ပါရစေ ညီမငယ်။
သုခိန်(ဗုဒ္ဓတက္ကသိုလ်)
TT Keyboard Last Update for iOS
-
iOS User တွေအတွက် #TT_Keyboard က #July_26_2016 ရက်နေ့မှာ Updated
ချပေးလိုက်ပါပီ
အောက်က လင့်မှာ Download လုပ်နိုင်ပါပီ
Download For >> TT_Keybo...
7 years ago
No comments:
Post a Comment
ခံစားချက်တို့ ဝေမျှရင်