Pages

မျောလွင့်နေတဲ့ နှလုံးသား..စည်းချက်ညီတဲ့ ရင်ခုန်သံ ရပ်ဝန်း စိတ္တဇ ညများ အရောင် ဝိုးတဝါးနဲ့ မွဲတဲ တဲ ရောယှက် ရုတ်တရက် ရှုပ်ယှက်ခတ် သလို စိုက်ကြည့်မှ ယောင်ဝါးဝါး.

Monday, 31 December 2012

ချစ်တဲ့အကြောင်းလေး ပြောပြမယ်

ဒီရင်ဘတ်ကြီးထဲက အသည်းတွေ ကြေမွသွားတဲ့ အထိ
ဆိုးလဲ ချစ် ကောင်းလဲ ချစ် ၊
တဇောင်းလေးတောင် ပစ်မထားရက်တဲ့ အချစ်တွေနဲ့ ………
…ေ
မာင့်အချစ်တွေကနေမြင့်လေ အရူးရင့်လေ
နေရိပ်လဲ ခွေအိပ်မနေပဲ
နေစောင်းလို့ အာရုံပြောင်းမယ်မထင်နဲ့
မောင့်အချစ်တွေက
ညနက်လေ တရိပ်ရိပ်တက်လေ ပါ
ချစ် ဟာ ည ရဲ့ ဆူး ဆိုရင်တောင်
မောင် မနှုတ်ရက်နိုင်ဘူး
မောင့် အချစ်တွေ သက်သေတည်လို့ ပြောမယ်
"သိပ် ချစ် တယ် "………………။
ဆင်စွယ်

တို့ တာဝန်



တို့ဘိုးဘွားမြေ.. ငါတို့မြေမှာ

ကိုးကွယ်တည်ထား စေတီများနဲ

ကျောင်းကန် ဇရပ် ကျုံးပတ်ထားပြီး

စပါးဆန်ရေ..ပေါကြွယ်ပေသည်

ကြိုက် တဲ့ လမ်းကို "ရွေး "


မြန်ပြည် သမိုင်း လေ့လာတိုင်းမှာ၊
ရာစုအဆက်ဆက်၊ ဖြစ်ပျက်ခဲ့တာ၊
ငါနှင့်မတူ ငါ့ ရန်သူ၊ဆန့် ကျင်လိုသူ တိုက်ခါယူ၊
ဒီလိုသဘောတရား လက်ကိုင်ထား၊
နိုင်ငံတည်ဆောက်ကြသူအများ။

သွေးချင်းအတွက်မှာပါရစေ

ကျပ်ငွေတစ်ရွက်ရဲ့အောက်
ဦးခေါင်းငုံ့လျှောက်ခဲ့တဲ့သူ
သီလတွေ မဖြူစင်တော့ဘူးညီမငယ်။

ကျပ်ငွေတစ်ရွက်ရဲ့အောက်
မျက်စိမှိတ်လျှောက်ခဲ့တဲ့သူ
ဇာတိသွေး မဖြူစင်တော့ဘူးညီမငယ်။

Sunday, 30 December 2012

စေလိုရာ

ရင်ခုန်မှုဆိုတာ
               မင်းကိုတွေတဲ့ချိန်က အစ

ရင်းနှီးမှုဆိုတာ
              မင်း နဲ့ အတူရှိချိန်မှ အလယ်

သိုသိပ်မှု
             မင်းကိုမြတ်နိုးမိချိန်ရဲ့ အဆုံး

အချစ်
             ငါတောင့်တမိတဲ့အရာ

‎**********နယ်နီမိတ်***********


နှလုံးသားဧရိယာတ၀ိုက်
အချစ်တွေရာဇ၀င်အသစ်
ထုဆစ်နေချိန်မှာ ငါ...........

စိတ်ဝိဥာဉ်တွေလွင့် အတွေးသစ်
ရင်မှာလှိုက်မောကာ
စွဲလမ်းနေတဲ့ငါ................

LoVeR

စောင့်စားခြင်းရဲ့ မလှမ်းမကမ်းက


မျှော်လင့်ခြင်းဆိုတာ မင်းကသာငါ့ကို

နာကျင်ခြင်းဆိုတဲ့   ဆေးတိုက်လဲ

ခါးသက်တဲ့ ဝေဒနာဖြေဖြောက်ပြီး