မင်းကိုတွေတဲ့ချိန်က အစ
ရင်းနှီးမှုဆိုတာ
မင်း နဲ့ အတူရှိချိန်မှ အလယ်
သိုသိပ်မှု
မင်းကိုမြတ်နိုးမိချိန်ရဲ့ အဆုံး
အချစ်
ငါတောင့်တမိတဲ့အရာ
အဃာတ
ငါ့ဖက်က လုံးဝမရှိတဲ့အရာ
အမုန်း
ငါလုံးဝမလိုချင်ဆုံး
မေတ္တာ
ငါ မွတ်သိပ်မိခဲ့တာပါ
ချစ်သူ
မျှော်လင့် ခြင်းရဲ့ တစ်ဖက်မှာ
(မင်းကသာ)
အမုန်းကို အရည်ဖျော်ပြီးတိုက်ရင်
ပျားရည်လိုသဘောထားပြီး
မျက်စိ စုံမှတ်ပြီး ငါသောက်ပြချင်တယ်
မင်းအတွက်
ပေးဆပ်ခြင်းများစွာနဲ့
(ငါ့ကို)
ရန်သူလိုသဘောထားပြီး
ရင်ကို ဟက်တက်ခွဲရင်တောင်
ပြုံးပြုံးလေး ခံယူပါ့မယ်
ရူးသွပ်ခြင်း ရဲ့ နောက်
တမ်းတခြင်းရဲ့ အလယ်
ရင်ခုန်ခြင်းက အစပျိုးခဲ့တဲ့
ချစ်ခြင်းရသ က
အဓိပ္ပာယ်ပြည့်စုံ လွန်းနေတယ်
ရင်ခွင်မဲ့






No comments:
Post a Comment
ခံစားချက်တို့ ဝေမျှရင်